တနင်္ဂနွေနေ့ က ကစားခဲ့တဲ့ ဘီလ်ဘာအိုအသင်းနဲ့ ဘာစီလိုနာအသင်းတို့ ရဲ့ လာလီဂါပွဲစဉ်မှာ ဘီလ်ဘာအိုအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အိမ်ကွင်းမှာအနိုင်ယူပြီး ဘာကာအသင်းရဲ့ ရှုံးပွဲမရှိစံချိန်ကို ရပ်တန့် ပစ် ခဲ့ပါတယ်။ ဘီလ်ဘာအိုအသင်းရဲ့ တစ်လုံးတည်းသောအနိုင်ဂိုးကို Iker Muniain က ပွဲချိန်မိနစ် ၇၀ မှာ သွင်းယူခဲ့တာဖြစ်ပြီး ဒီပွဲအနိုင်ရရှိမှုကြောင့် အက်သလက်တီကိုဟာ ရမှတ် ၂၉ မှတ်နဲ့ စတုတ္ထနေရာကို ရောက်ရှိလာပါတယ်။
ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့အပတ် ချန်ပီယံလိဂ်အုပ်စု ပွဲစဉ်မှာ အေဂျက်စ်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ဒီရာသီပြိုင်ပွဲစုံ ဒုတိယမြောက်ရှုံးပွဲဖြစ်ပါတယ်။ဘီလ်ဘာအိုအသင်းဟာ အိမ်ကွင်းမာတဲ့အသင်းတစ်သင်းဖြစ်ပြီး အိမ်ကွင်းပွဲစဉ် ရှစ်ပွဲမှာ ခြောက်ပွဲနိုင်၊နှစ်ပွဲသရေ ရရှိထားပါတယ်။ ဒီပွဲစဉ်မှာ ဘီလ်ဘာအိုကို ရှုံးနိမ့်ခဲ့ပေမယ့် ဘာစီလိုနာအသင်းဟာ လာလီဂါဇယားထိပ်ဆုံးမှာ ရမှတ် ၄၀ နဲ့ ဦးဆောင်နေဆဲဖြစ်ပြီး အက်သလက်တီကို မက်ဒရစ်အသင်း က ရမှတ် ၄၀ တူ ၊ ဂိုးကွာခြားချက်နဲ့ ဒုတိယနေရာ ၊ ရီးယဲလ်မက်ဒရစ်အသင်းက ၃၇ မှတ်နဲ့  တတိယနေရာမှာ ရပ်တည်နေပါတယ်။ လာလီဂါဂိုးသွင်းအများဆုံး အဖြစ် ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ရော်နယ်ဒိုက ၁၇ ဂိုး၊ အက်သလက်တီကို အသင်းရဲ့ ဒီယေဂိုကော်စတာ က ၁၅ ဂိုးနဲ့ ဦးဆောင်လျက်ရှိပါတယ်။
Ref:bbc.co.uk