ချစ်သူရည်းစားတွေဆိုတာ အရင်းနှီးဆုံးသူစိမ်းလို့ပြောလို့ရပေမဲ့ တစ်ခါတစ်ရံမှာ မိန်းကလေးတွေက သူတို့ချစ်သူကိုမပြောချင်တဲ့အချက်လေးတွေရှိပါတယ်။နှစ်ယောက်ကြားကဆက်ဆံရေးတွေအေးစက်သွားမှာစိုးလို့ မပြောကြတာပါ။ဘာတွေလဲဆိုတော့
၁။တစ်ကိုယ်ရေသန့်ရှင်းမှုပါ။
ချစ်တယ်ဆိုပေမဲ့လည်း ရေရှည်လက်တွဲရမယ့်သူတွေဖြစ်တာကြောင့် အပြင်သွားလာတဲ့အခါ တစ်ကိုယ်ရေသန့်ရှင်းမှုကိုသေချာဂရုတစိုက်လုပ်သင့်ပါတယ်။မိန်းကလေးတွေက သူတို့ရဲ့ ချစ်သူကို ဖွင့်မပြောကြပေမဲ့ သူတို့ရဲ့ စိတ်ထဲမှာတော့ သူတို့ချစ်သူရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုကို အမြဲတမ်းစောင့်ကြည့်နေကြတာပါ။
၂။အကျင့်စာရိတ္တပိုင်း
ဒီစကားကတော့မိန်းကလေးတွေဘယ်တော့မှပြောမှာမဟုတ်ပါဘူး။သူတို့ရဲ့ ချစ်သူဟာ အလုပ်တစ်ခုခုလုပ်တာ၊အပြင်သွားတဲ့အခါမျိုးမှာ တက်တက်ကြွကြွမရှိတဲ့အခါ မိန်းကလေးတွေရဲ့ စိတ်ထဲမှာ သူတို့ရဲ့ ချစ်သူကအရမ်းပျင်းတာပဲဆိုတဲ့စိတ်ဝင်လာတတ်ပါတယ်။ဒါပေမဲ့ ထုတ်ပြောလိုက်တဲ့အခါ သူမရဲ့ စကားကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားမှာ၊နာကျင်သွားမှာစိုးတာကြောင့် ဘယ်တော့မှထုတ်ပြောမှာမဟုတ်ပါဘူး။
၃။သူငယ်ချင်းတွေက ချစ်သူထက်ပိုအရေးကြီးတယ်။
ဒီစကားကတော့ အားလုံးကလက်ခံထားတဲ့အမှန်တရားတစ်ခုပါပဲ။သင်ရဲ့ ချစ်သူမိန်းကလေးက အဲ့ဒီစကားကိုမပြောလည်း သူမအတွက် သူငယ်ချင်းတွေက သင့်ထက်ပိုအရေးကြီးတယ်ဆိုတာကိုနားလည်ထားရပါမယ်။
၎။တီထွင်ကြံဆတတ်တဲ့ယောက်ျားလေးတွေကို မိန်းကလေးတွေကနှစ်သက်ကြပါတယ်။သူမတို့အတွက် ဆိုင်က၀ယ်လာတာမျိုးမဟုတ်ပဲ သီးသန့်ကိုယ်တိုင်လုပ်ပေးထားတဲ့ပစ္စည်းလေးတွေပေးတဲ့အခါ အရမ်းကိုနှစ်သက်ကြပါတယ်။ဒါပေမဲ့ မိန်းကလေးတွေက သူတို့ရဲ့ ချစ်သူကို သဘောကျတဲ့အကြောင်း နှုတ်ကဘယ်တော့မှထုတ်ပြောမှာမဟုတ်ပါဘူး။
၅။ချစ်တယ်ဆိုတဲ့စကားကိုခဏခဏပြောနေတာထက် သူမကိုအမူအရာနဲ့ပြသပါ။
မိန်းကလေးတွေက စကားတွေအရှည်ကြီးပြောရတာမနှစ်သက်သလို သူတို့ချစ်သူကိုလည်းစကားအပိုတွေမပြောစေချင်ပဲ အလုပ်နဲ့သာသက်သေပြစေချင်ပါတယ်။စကားထက် အလုပ်နဲ့သက်သေပြတာက ပိုပြီးယုံကြည်မှုရှိစေပါတယ်။ဒါပေမဲ့ မိန်းကလေးတွေက သူတို့ချစ်သူရဲ့ ကိုယ်ပိုင်အသိစိတ်နဲ့သာ သူတို့အပေါ် တန်ဖိုးထားစောင့်ရှောက်စေချင်လို့ ဖွင့်မပြောကြတာပါ။