ဒီဇင်ဘာလ ၁ ရက်၊ CBS ရုပ်သံလိုင်းကလွှင့်တဲ့ သတင်းမှာ မိနစ်၆၀စာ သတင်းတစ်ပုဒ်ပါလာပါတယ်။ အဲ့ဒီ့ သတင်းမှာ ပါလာတာကတော့ မောင်းသူမဲ့ လေယာဉ် octocopterတွေနဲ့ ပစ္စည်းပို့တဲ့အလုပ်ကို Amazon ကစမ်းသပ်ခဲ့ကြောင်း အထွေထွေအမှုဆောင်ချုပ် Jeff Bezos ကပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။
မိနစ်၆၀စာ သတင်းထဲမှာ Bezos ဟာ octocopterတွေက အ၀ါရောင်ဆွဲပုံးတွေကို ကောက်ယူသွားခဲ့ပြီး Amazon.com ကတဆင့် ပစ္စည်းမှာထားတဲ့သူတွေဆီကို အရောက်ပို့ဆောင်ပေးခဲ့တဲ့ အစမ်းဗီဒီယိုဖိုင်ကို ဖွင့်ပြခဲ့ပါတယ်။ ဒီလိုသာအမှန်တကယ်ပို့နိုင်မယ်ဆိုရင် ပစ္စည်းမှာထားသူတွေရဲ့ လက်ဝယ်အရောက် မိနစ် ၃၀အောက်နဲ့ ပို့ပေးနိုင်မှာဖြစ်ပါတယ်။ ဒီ မောင်သူမဲ့လေယာဉ်တွေနဲ့ ပစ္စည်းပို့တဲ့ အလုပ်ကို Prime Air ကုမ္ပဏီက ၀န်ဆောင်မှုပေးမှာဖြစ်ပြီး Prime Air ကို စီးပွားရေးလုပ်ငန်းတွေမှာ ထည့်အသုံးပြုဖို့ နှစ်အနည်းငယ် ကြာဦးမှာပါ။ အကြောင်းကတော့ ဒီနည်းပညာကို Amazon က ထပ်မြှင့်ဦးမှာဖြစ်ပြီး လေကြောင်းကြီးကြပ်ရေး အစိုးရ ရဲ့ စည်းမျဉ်း၊ဥပဒေ အတည်ပြုချက်တွေလဲ လိုသေးလို့ပါပဲ။
Octocopterတွေနဲ့ ပစ္စည်းပို့မယ်ဆိုရင် Onlineက မှာကြားဝယ်ယူမှုတွေကို ပစ္စည်းပို့တဲ့ အလုပ်ဟာ အရှိန်အဟုန်မြင့်တက်လာမှာပါ။ ဒါပေမဲ့ ဒီလိုဖြစ်လာဖို့ နည်းပညာပိုင်းအရ နောက် ၃၊ ၄ နှစ်လောက်တော့ လိုဦးမယ်လို့ သိရပါတယ်။
“ယနေ့ခေတ် လမ်းတွေပေါ်မှာပြေးနေတဲ့ အမြန်ချောပို့ မော်တော်ယာဉ်တွေလိုပဲ တစ်နေ့တော့ Prime Air မောင်းသူမဲ့ လေယာဉ်တွေကို တွေ့ရတော့မှာပါ။” လို့ Amazon ကုမ္ပဏီကပြောသွားခဲ့ပါတယ်။
Ref:USATODAY