မိုးတွင်းကာလမှာ အ၀တ်အစားတွေမှိုနံ့စွဲတာကိုပျောက်ကင်းစေမယ့်နည်းလမ်း ၅ ချက်

မိုးတွင်းကာလမှာအကျီအ၀တ်အစားတွေမှိုတက်တာ၊မှိုနံ့ထွက်တာတွေဖြစ်တတ်ပါတယ်။လျှော်ဖွပ်ပြီးသားအ၀တ်အစားမှာတောင် မှိုနံ့စွဲတာမျိုးတွေဖြစ်တတ်ပါတယ်။မှိုနံ့ပျောက်သွားအောင်ရေမွှေးတွေဖျန်းပြီး ၀တ်သွားတဲ့အခါ မှိုတွေက အကျီမှာကပ်ကျန်နေပြီး ကျန်းမာရေးကိုထိခိုက်စေပါတယ်။အဲ့ဒါကြောင့် အကျီအ၀တ်အစားတွေလျှော်တဲ့အခါမှာ အနံ့ဆိုးတွေကင်းစင်အောင်၊မျိုစွဲတာတွေသန့်စင်သွားအောင်လျှော်ဖွပ်နိုင်မယ့် နည်းလမ်းလေးကိုပြောပြပေးချင်ပါတယ်။

၁။အ၀တ်အစားတွေကိုရေစိမ်ပြီး မထားခဲ့ပါနဲ့။

မှိုနံ့စွဲနေတဲ့အ၀တ်အစားတွေကို နောက်မှလျှော်မယ်ဆိုပြီးဆပ်ပြာမှုန့်တွေထည့်ပြီး အ၀တ်လျှော်စက်ထဲမှာ၊ရေဇလုံထဲမှာမထားခဲ့ပါနဲ့။၁၅ မိနစ်လောက်ပဲထားပြီး မြန်မြန်သန့်စင်အောင်လျှော်ပေးရပါမယ်။

၂။ဆပ်ပြာမှုန့်၊ဆပ်ပြာရည်သုံးမယ်ဆိုရင်  အနံ့ကိုသေချာရွေးပါ။

သံပုရာရနံ့၊နှင်းဆီရနံ့ တို့လို အနံ့သင်းသင်းလေးနဲ့ စွဲနေမယ့် ရနံ့မျိုးရွေးပါ။အဲ့ဒါမှအကျီတွေလျှော်ဖွပ်တဲ့အခါ သန့်စင်တောက်ပပြီး အနံ့ဆိုးတွေကင်းစင်သွားမှာပါ။

၃။ရှာလကာရည် သို့မဟုတ် မုန့်ဖုတ်ဆိုဒါထည့်ပါ။

အကျီအ၀တ်အစားတွေလျှော်ဖို့စိမ်ထားပြီးပြီဆိုရင် ဆပ်ပြာမှုန့်မထည့်ခင် အဲ့ဒီထဲကို ရှာလကာရည်တစ်ခွက်၊ ဒါမှမဟုတ် မုန့်ဖုတ်ဆိုဒါတစ်ဇွန်းထည့်ပါ။အဲ့ဒါကသဘာဝမှိုသတ်ဆေး၊ချေးချွတ်ဆေးလို့လည်းပြောလို့ရပါတယ်။အ၀တ်အစားတွေမှာကပ်ငြိနေတဲ့ ပိုးမွှားတွေကို သေစေနိုင်ပြီးအနံ့ဆိုးတွေပျောက်ကင်းစေပါတယ်။

၎။အ၀တ်အစားတွေလျှော်ပြီးတဲ့အခါ နေပူထဲမှာခြောက်တဲ့အထိထားပါ။

တစ်ချို့တွေက ရေစစ်သွားတဲ့အခါ အိမ်ထဲမှာတင် လှန်းကြတာမျိုးတွေရှိပါတယ်။အ၀တ်အစားတွေကို သဘာဝလေထုနဲ့ထိတွေ့စေပြီးနေရောင်ခြည်နဲ့ခြောက်စေတာမျိုးက ပိုပြီးကောင်းမွန်စေပါတယ်။သဘာဝလေနဲ့နေရောင်ခြည်ကိုရတဲ့အတွက် အ၀တ်အစားတွေက ပိုပြီးတောက်ပြောင်သန့်စင်စေပါတယ်။အိမ်ထဲမှာလှန်းတဲ့အခါ နေရောင်ခြည်နဲ့လေမလုံလောက်လို့ ခြောက်သွားရင်တောင် အနံ့တွေကျန်ခဲ့နိုင်ပါတယ်။ရာသီဥတုအခြေအနေကိုကြည့်ပြီး မိုးပြန်ရွာတဲ့အခါမှာတော့မြန်မြန်ပြန်ရုတ်သင့်ပါတယ်။မိုးရေစိုနေတဲ့အ၀တ်အစားတွေကလည်း တဖြည်းဖြည်းမှိုနံ့စွဲစေပါတယ်။

၅။ အ၀တ်အစားတွေခြောက်သွားပြီဆိုရင် အပြင်မှာမထားပဲ မီးပူတိုက်ပြီး အ၀တ်ဗီရို၊အ၀တ်ပုံးထဲထည့်ထားပါ။အထဲမှာ ပရုတ်လုံးအနည်းငယ်ထည့်ထားမယ်ဆိုရင် မှိုစွဲတာတွေထပ်မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

130 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.