ဆွဲဆောင်မှုရှိတဲ့ ယောက်ျားလေးတစ်ယောက်ဖြစ်အောင် ဘယ်လိုနေထိုင်မလဲ?

မိန်းကလေးတွေက သင့်အကြောင်းမပြောမှာကို စိုးရိမ်နေလား ? သင်ဟာ ဒီတိုင်းနေလို့တော့မဖြစ်ဘူးဆိုတာ သိနေပေမယ့် ဘယ်လိုလုပ်ရမလဲဆိုတာကို သေချာမသိဘူးဖြစ်နေတယ်မလား ? ဖော်ပြပါအချက်တွေအတိုင်း သင်ကျင့်သုံးမယ်
ဆိုရင် သင်ဟာလုံးဝကိုပြောင်းလဲသွားပြီိး ဖက်ရှင်သိပ်ကျတဲ့ ယောက်ျားလေးတစ်ယောက်ဖြစ်သွားနိုင်ပါတယ်။

နည်းလမ်း -(၁) ကြည့်ကောင်းအောင်ဝတ်စားရမယ်

– ဖက်ရှင် : သင့်စိတ်ကြိုက်ဖြစ်ပြီး စတိုင်လ်လည်းကျသလို ခန္ဓာကိုယ်နဲ့အဆင်ပြေစေမယ့် အကျီ င်္မျိုးကိုရွေးချယ်ပါ။ ဆံပင်အရောင်နဲ့လိုက်ဖက်တဲ့ အကျီ င်္ကိုရွေးချယ်တတ်ဖို့လိုပါမယ်။ အဖြူရောင်တီရှပ်၊ ဂျင်းပြာရောင် နဲ့ ဂျင်းအနက်ဝတ်စုံမျိုးတွေကို နာရီနဲ့တွဲဖက်ဝတ်ဆင်ပါ။

– အားကစား : အခုခေတ်စားနေတဲ့ ခန္ဓာကိုယ်တောင့်တောင့် ကြွက်သားကြီးတွေ ထွက်နေသည်အထိလုပ်စရာမလိုပေမယ့် ယောက်ျားလေးတစ်ယောက်အနေနဲ့ ရှိသင့်ရှိထိုက်တဲ့ ခန္ဓာကိုယ်မျိုးရှိမှ ရုပ်မချောရင်
တောင် ကြည့်ကောင်းတဲ့အနေထားမျိုးဖြစ်မှာပါ။ ခန္ဓာကိုယ်တောင့်တဲ့ ယောက်ျားလေးကို မကြိုက်တဲ့ မိန်းကလေးမရှိပါဘူး။

– အသေးဖွဲ့လေးတွေ မမေ့နဲ့ : စတိုင်လ်ကျပြီး ကိုယ်နဲ့လိုက်ဖက်တဲ့ဆံပင်မျိုးညှပ်ထားတာပါရဲ့။ မျက်နှာက မုတ်ဆိတ်တွေမရိတ်ထားဘူးဆို ကြည့်ကောင်းတဲ့ မျက်နှာဖြစ်မှာမဟုတ်ဘူး။ သင်ဟာ နားတွေ နှာခေါင်းတွေမှာ အမွှေးပေါက်တတ်တဲ့လူဆို သေချာဂရုစိုက် သုတ်သင်ရှင်းလင်းပေးဖို့ လိုပါမယ်။

– ကိုယ်သင်းနံ့ : ရေချိုးပြီးတာနဲ့ အမွှေးနံ့သာတစ်ခုခုသုံးပေးပါ။ အရမ်းပြင်းတဲ့ရေမွှေးမျိုးမဟုတ်ဘဲ တစ်ခါအနံ့ရလိုက်တာနဲ့ တစ်သက်မှတ်မိနေစေမယ့် အမွှေးနံ့သာမျိုးပါ။ယောက်ျားလေးရော၊ မိန်းကလေးအတွက်ပါ
အမွှေးနံ့သာက အရေးကြီးပါတယ်။ သင့်ဆီကနေ ချွေးနံ့တွေ၊အခြားအနံ့ဆိုးတွေရနေမယ်ဆိုရင် သင့်နားကိုဘယ်မိန်းကလေးမှ ကပ်ချင်မှာမဟုတ်ဘူးနော်။

နည်းလမ်း- (၂) ဆွဲဆောင်မှုရှိတဲ့ Body Language အသုံးပြု

– မျက်နှာချင်းဆိုင်ပြီး မျက်လုံးချင်းဆုံအောင်ထား : နာမည်ကြီးမင်းသားတွေ ရုပ်ရှင်ထဲမှာ မင်းသမီးနဲ့တွေ့တဲ့အခါ သူတို့အပြုအမူဘယ်လိုဖြစ်သွားလဲဆိုတာကို သေချာကြည့်ပါ။ သူတို့ မိန်းကလေးတွေကိုကြည့်တဲ့ အကြည့်မျိုးကို လေ့လာပါ။ အဲ့ဒါဟာ ရွှေပဲ။

– အပြုံးလေ့ကျင့်ပါ : ပါးစပ်ပိတ်လျက် ပြုံးပါ။ အကျယ်ကြီးဟပြီး မပြုံးပါနဲ့။ သေချာကြည့်ရင် မထိတထိပြုံးတာလေးက ပိုပြီးဆွဲဆောင်မှုရှိတာကို တွေ့ရပါလိမ့်မယ်။

– ကြည့်ကောင်းတဲ့ လမ်းလျှောက်မှုပုံစံ : လမ်းလျှောက်တဲ့အခါ ဖြည်းဖြည်းနဲ့မှန်မှန် လျှောက်ပြီး ကိုယ်သွားနေတဲ့ပုံစံကို မှန်ထဲပြန်ကြည့်ကြည့်ပါ။ ကိုယ်ဘယ်လိုလျှောက်ရင် ကြည့်ကောင်းမလဲဆိုတာ ကိုယ့်ကိုကိုယ်အသိဆုံးဖြစ်မှာပါ။ ပုံစံမကျသေးရင် ကိုယ့်အိမ်မှာ သေချာလေ့ကျင့်လျှောက်ကြည့်ပါ။

-စတိုင်လ်ကျတဲ့ ကိုယ်နေဟန်ထား : ယောက်ျားဆိုတာ ကြည့်လိုက်ရင် ကိုယ့်ကို
ကိုယ် ယုံကြည်ချက်ရှိနေတဲ့ပုံစံမျိုးမှ မိန်းကလေးတွေကသဘောကျတာပါ။ မဝံ့မရဲပုံစံကို ဘယ်မိန်းကလေးမှမကြွေပါဘူး။ ဒါကြောင့် တက်ကြွလန်းဆန်းတဲ့ ကိုယ်နေဟန်ထားကို ကိုယ်တိုင်ကျင့်ယူပြီး မိန်းလေးတွေရှေ့မှာဆွဲဆောင်မှုရှိနေပါစေ။

– နားထောင်ကောင်းတဲ့ အသံ : ရေဒီယိုမှာအသံလွှင်သူတွေ၊ သတင်းကြေငြာသူတွေ
အသံနားထောင်ကြည့်ပေါ့။ နဂိုမူလအသံမကောင်းသူတွေလည်း စိတ်ဓာတ်မကျပါနဲ့။
အသံမကောင်းရင်တောင် အထက်ပါဖော်ပြထားတဲ့အချက်တွေကို သေချာလုပ်နိုင်ရင်
ပဲ ဟုတ်လှနေပါပြီ။ ကိုယ်ကအသံပါဝါကောင်းပြီးသားဆိုရင်တော့ နည်းနည်းကျင့်ယူလိုက်ရင်ရပါပြီ။

– အေးဆေးတည်ငြိမ်တဲ့ သွင်ပြင် : မိန်းကလေးတစ်ယောက်က သူမရဲ့စိတ်ထိခိုက်စ
ရာ၊ ဒေါသထွက်စရာကိစ္စတွေလာပြောပြတဲ့အခါ သေချာစူးစိုက်နားထောင်ပြီိး
သူမကိုလေချိုအေးလေးနဲ့ နှစ်သိမ့်ပေးပါ။ တည်ငြိမ်အေးဆေးတဲ့အမူရာကလည်း ဆွဲဆောင်မှုတစ်မျိုးပါပဲ။

နည်းလမ်း (၃) မိန်းကလေးအား ဦးစားပေးတတ်တဲ့အကျင့်

– အပြုအမူနဲ့ပြသပါ : ကားစီးတဲ့အခါ သူမအတွက် အရင်တံခါးဖွင့်ပေးတာမျိုး၊ ဓာတ်လှေကားစီးတဲ့အခါ သူမကိုအရင်ဦးစားပေးပြီး ထွက်ခိုင်းတာမျိုး၊ သူမဆီက”ကျေးဇူးတင်ပါတယ် ” ဆိုတဲ့ စကားထွက်လာပြီဆို သင်ဟာ သူမအထင်ကြီးလေးစားရတဲ့ လူမျိုးဖြစ်သွားပါပြီ။ ဘာကြောင့်လဲဆိုတော့ ဒီလိုမျိုးက
ဒီဘက်ခေတ်မှာ ရှားလာပြီး မိန်းကလေးတိုင်းသဘောကျတဲ့ အပြုအမူဖြစ်နေလို့ပါ။

– သူမစကားပြောနေရင် အာရုံစိုက် : ကိုယ့်ဘာသာ တွေးချင်ရာတွေးနေတာမျိုးကို
သတိထားပြီး သူမစကားပြောနေရင် သေချာအာရုံစိုက်နားထောင်ပါ။ သူမပြောတဲ့
စကားတွေကို ထောက်ပြီးပြောပေးရင် သူမစကားစိတ်ဝင်စားကြောင်းလည်း
ပြသလိုဖြစ်ပါတယ်။

– စိတ်ကိုအားဖြည့်ပေး : အပျော်အပါးကိစ္စတွေ အနည်းငယ်လျော့ပြီး ဘဝအတွက်
တိုးတက်စေမယ့် စာပေဖတ်တာမျိုး၊ ပရဟိတအသင်းဝင်တာမျိုး၊ လူတိုင်းနဲ့
လိုက်လျောညီထွေနေတတ်ပြီး စိတ်ဓာတ်ပိုင်းမှာ သဘောထားပြည့်ဝတဲ့ယောက်ျားကောင်းတစ်ယောက်ဖြစ်နေဖို့လိုပါတယ်။

– အလောမကြီးခြင်း : မိန်းကလေးတစ်ယောက်က သင်စိတ်ဝင်စားနေပြီဆိုတာကို
ရိပ်မိနေလျှင် အလောမကြီးဖို့ လိုပါတယ်။ သူမကိုတစ်ယောက်တည်းစဉ်းစားဖို့
အချိန်ပေးပါ။ ကိုယ်က အလောတကြီးလုပ်လိုက်ရင် သူမအနေနဲ့ စိတ်လည်းရှုပ်သွားစေနိုင်သလို.. ခင်မင်မှုတွေပါပျက်စီးသွားနိုင်ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.