ကိုရီးယားနိုင်ငံမှာနှစ်စဉ်ကျင်းပလေ့ရှိတဲ့ JIMFF ( Jecheon International Music & Film Festival )ပွဲတော်အတွက် တစ်နှစ်တာအကောင်းဆုံးမင်းသားဆုကို EXO အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ဒိုဂျောင်ဆိုးကရရှိခဲ့ပါတယ်။ကိုရီးယားမှဒါရိုက်တာတွေနဲ့JIMFFမှအဖွဲ့ဝင်တို့စုပေါင်းပြီးအကဲဖြတ်ပေးကြတာဖြစ်ပါတယ်။ဒိုဂျောင်ဆိုးဟာ“My Annoying Brother (Hyung) ဇာတ်ကားနဲ့အကောင်းဆုံးဆုကိုရရှိခဲ့ခြင်းဖြစ်ပါတယ်။
အကောင်းဆုံးမင်းသမီးဆုကိုတော့ အန်ဆိုဟီးကရရှိခဲ့ပါတယ်။အန်ဆိုဟီးကတော့ A Single Rider ဇာတ်ကားနဲ့ ရရှိခဲ့တာပါ။အဲ့ဒီဇာတ်ကားမှာ လီဗြောင်ဟွန်းနဲ့မင်းသမီးဂေါင်ယိုဂျင်တို့လည်း ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်။
၁၃ ကြိမ်မြောက် JIMFF ဆုပေးပွဲကို သြဂုတ်လ ၁၀ရက်နေ့မှ ၁၅ရက်နေ့ထိကျင်းပမယ်လို့သိရပါတယ်။ဆုပေးမယ့်ရက်ကတော့ သြဂုတ်လ ၁၂ရက်ဖြစ်ပြီး ည၈နာရီမှာ ချန်းပေါင်ဟိုတယ်အပန်းဖြေစခန်းမှာကျင်းပမယ်လို့သိရပါတယ်။