မျက်နှာပေါ် ခရုနဲ့မြုံရတဲ့ဂျပန်ကုထုံးနည်းသစ်

new_japan_beauty_treatment_snails.jpg

 

မျက်နှာပေါ်ခရုတွေတင်ရမယ်ဆိုတာတော့ ကြားရတာနဲ့တင် ကျက်သီးထချင်စရာ၊ မနှစ် မြို့ဖွယ်ကိစ္စရပ်ပါပဲ။ ဂျပန်ကုမ္ပဏီတစ်ခုကတော့ အဲ့လိုကုသပေးဖို့ မျှော်လင့်နေပါတယ်။ မျက်နှာပေါ်က ဆဲလ်သေတွေကိုခွာချဖို့နဲ့ နှစ်ပေါင်းများစွာချေးကပ်နေတဲ့ချွေးပေါက်တွေကို သန့်စင်ဖို့အတွက် ခရုတွေနဲ့ ၅မိနစ်အတွင်း ကုသနိုင်မယ်လို့သိရပါတယ်။

‘ခရုတွေရဲ့အကျိအချွဲတွေက ဆဲလ်အဟောင်းတွေကို ဖယ်ရှားပေးပါတယ်။ နေလောင်နေတဲ့အရေပြားကိုလည်း ကုသပေးနိုင်ပြီး ရေဓါတ်ကိုပေးတဲ့အတွက် အသားအရေကိုလည်းစိုပြေစေပါတယ်။အမျိုးသမီးရဲ့မျက်နှာ ပေါ်မှာ ခရု ၃ကောင်တင်ပြီးကုသပါတယ်။’ လို့ တိုကျိုမြို့အခြေစိုက် Ci:z.Labo အလှပြုပြင်ရေး မှ ပြောရေးဆိုခွင့်ရှိသူ မာနာမီ တာကူမူရာ ကပြောပါတယ်။

မျက်နှာပေါ်ခရုတွေတင်ပြီးကုသရင် ခရုရဲ့ ၁၀၀ရာခိုင်နှုန်းသန့်စင်တဲ့ အဆီအနှစ်တွေက အရေပြားပေါ်တိုက်ရိုက် သက်ရောက်မှုပေးစွမ်းပါတယ်။ ခရုရဲ့ အကျိအချွဲတွေဟာ လူ့အရေပြားအတွက် အသက်ရင့်မှုကိုတိုက်ဖျက်ပေးနိုင်စွမ်း ရှိတယ်လို့ ယုံကြည်ရပါတယ်။                                  Ref:News.Discovery

 

15 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.