Baltimore မှာအိမ်ထောင်မရှိတဲ့မိခင်ရဲ့အုပ်ထိမ်းမှုအောက်မှာကြီးပြင်းလာခဲ့ရတဲ့ လမ်းပေါ်ကဘ၀နဲ့ရင်းနှီးကျွမ်းဝင်ပြီးသား ဆယ်ကျော်သက်လူငယ်လေး Langston ဟာအားလပ်ရက်မှာ New York ကကွဲကွာနေတဲ့ ဆွေမျိုးတွေဆီသွားပြီးနေထိုင်ရမှာဖြစ်ပါတယ်။ ဒီခရီးစဉ်ကသူ့အတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံးဖြစ်ခဲ့ပြီး ယုံကြည်မှုရဲ့စစ်မှန်တဲ့အဓိပ္ပါယ်၊ ပြန်လည်ကုစားမှုနဲ့မိသားစုသဘောတရားတွေကို သင်ကြားပြသပေးတဲ့အရာတစ်ခုဖြစ်လာခဲ့ပါတယ်။
Black Nativity ဟာဒါရိုက်တာ Kasi Lemmons ရဲ့ဂီတအသားပေး ဒရာမာဇာတ်ကားဖြစ်ပြီးသရုပ်ဆောင်တွေအဖြစ် Forest Whitaker, Angela Bassett, Tyrese Gibson, Mary J. Blige, Vondie Curtis-Hall, Nas, Jacob Latimore တို့ပါဝင်ကြပါတယ်။
Ref:imdb
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။