၁၉၉၈ခုနှစ်၊ နိုဝင်ဘာ(၂၉)ရက်ကစလို့ လီဗာပူးလ်အသင်းအတွက် စတင်ပွဲထွက်ခွင့်ရခဲ့ချိန်ကစတင်ကာ အ သင်းနဲ့အတူအောင်မြင်မှုများစွာ ရယူနိုင်ခဲ့တဲ့ လက်ရှိ လီဗာပူးလ်အသင်းခေါင်းဆောင် စတီဗင်ဂျာရတ်ဟာ အသင်းအတွက်ဆိုရင် ရေကုန်ရေးခန်းကြိုးစားပေးနေခဲ့သူဖြစ်ပါတယ်။ ချန်ပီယံလိဂ်၊ အက်ဖ်အေဖလားအ စရှိတဲ့ ပြိုင်ပွဲများမှာ ဗိုလ်စွဲထားခဲ့သူ စတီဗင်ဂျရတ်အနေနဲ့ လက်ရှိကစားနေတဲ့ ကွင်းလယ်ကနေ တခြားနေ ရာများဆီကိုလည်း ပြောင်းကစားနိုင်သူဖြစ်တယ်လို့ ဘရန်ဒန်ရော်ဂျာက မှတ်ချက်ပြုလာခဲ့တာက ဒီလိုပါ။
“ စတီဗင် အသက်ရလာတဲ့အခါကျ နံပတ်(၂) ဗဟိုနောက်ခံလူနေရာကို ပြောင်းကစားနိုင်ပါတယ်။ ဒီလိုပဲ အထောင်တိုက်စစ်မှူး တစ်ဦးတည်းတင်ကစားရမယ့်အချိန်တွေမှာလည်း တိုက်စစ်မှာ ကစားနိုင်ပါသေး တယ်။ ညာတောင်ပံတိုက်စစ်သမားနေရာအပြင် နောက်ချန်တိုက်စစ်နေရာတွေလည်း ကစားနိုင်ပါသေးတယ်။ သူ့ရဲ့ ဘောလုံး အနီးအဝေးပေးပို့မှုတွေက ကမ္ဘာ့ထိပ်တန်းအဆင့်မျိုးပါ”လို့ ဘရန်ဒန်ရော်ဂျာက ယူဆထားပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာ ဘာမင်ဂမ်ကွင်းသွားကစားရမယ့် ပွဲစဉ်နဲ့ ပတ်သက်ပြီးတော့လည်း အမှတ်ပြည့်(၃) မှတ်ရယူနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောသွားခဲ့လေရဲ့  . . .။