လွန်ခဲ့တဲ့ (၇)နှစ်နီးပါးအချိန်က ကျင်းပခဲ့တဲ့ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲမှာ အီတလီနဲ့ ပြင် သစ်တို့ကစားခဲ့ကြခဲ့စဉ်က မိနစ်(၉၀)ပြည့်လို့ နာကျင်အချိန်ပိုပေးခဲ့ချိန်မှာ ပြင်သစ်အသင်းခေါင်းဆောင် ဇီဒန်း ဟာ အီတလီနောက်ခံလူမာကိုမာတာရာဇီကို ခေါင်းနဲ့တိုက်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရ တဲ့ဖြစ်ရပ်ကို ဘောလုံးဝါသနာရှင်တိုင်း မှတ်မိကြပါတယ်။ မာတာရာဇီကို ဇီဒန်းက ခေါင်းနဲ့တိုက်နေဟန်ကို ကြေးသွန်းရုပ်ထုပြုလုပ်ပြီး နိုင်ငံတကာမှာတောင် လှည့်လည်ပြသခဲ့ပါသေးတယ်။ ဒီလိုမျိုး အမှတ်တရဖြစ်ရပ်မှာ ဇီဒန်းနည်းတူ အဓိကဇာတ်ကောင်ဖြစ်ခဲ့သူကတော့ ကွင်းလယ်ဒိုင် ဟော်ရတ်ဆီယိုအလီဇွန်ဒိုပါပဲ။ သူ့အနေနဲ့အဲ ဒီအချိန်မှာ ကစားခဲ့တဲ့ပွဲက ကမ္ဘာ့ဖလားဗိုလ်လုပွဲ၊ ပြစ်ဒဏ်ကျူးလွန်ထားသူကလည်း အသင်းခေါင်းဆောင်တစ် ဦးဖြစ်သလို သူ့ခေတ်အခါက ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆိုတော့ ခက်ခက်ခဲခဲကို ဆုံးဖြတ်ခဲ့ရပါတယ် တဲ့။ “ ဇီဒန်းကို အနီကတ်ပြခဲ့တာကို အမြဲတမ်းမှတ်မိနေခဲ့တယ်။ ကမ္ဘာ့ဖလားဗိုလ်လုပွဲဖြစ်သလို ကစားသမား ရဲ့ အရေးကြီးမှုကြောင့်လည်း ပါတာပေါ့လေ။ တကယ့်ကို ခက်ခက်ခဲခဲထုတ်ပယ်ခဲ့ရတာဖြစ်ပြီး မှန်ကန်တဲ့ ဆုံး ဖြတ်ချက်တစ်ခုဖြစ်ခဲ့တယ်ဆိုတာလည်း အားလုံးက လက်ခံခဲ့ကြတယ်။ နှစ်တွေအတော်ကြာခဲ့ပေမယ့် ကျွန် တော့ကို မကြာခဏဆိုသလို ဒီအနီကတ်အကြောင်းမေးမေးနေကြတာပါပဲဗျာ”လို့ ဟော်ရတ်ဆီယိုက ပြောပြ သွားခဲ့ပါတယ်။
ဇီဒန်းကို အနီကတ်ပြခဲ့တဲ့အကြောင်း ခဏခဏအမေးခံရတယ်ဆိုတဲ့ ကွင်းလယ်ဒိုင်ဟော်ရတ်ဆီယိုအလီဇွန်ဒို

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။