“အခုလတ်တလောအနုပညာလှုပ်ရှားမှုက တယောပွဲတွေလိုက်တီးဖြစ်တယ်။ အများကြီးလက်ခံထားတယ်။ တယောပွဲထွက်ဖို့ရှိတယ်။ ပြီးတော့ မန္တလေးသွားပြီး တယောတီးဖို့ရှိတယ်။ ရှိုးလျှောက်ဖို့ရှိတယ်။ ဓာတ်ပုံရိုက်တွေလက်ခံထားတာရှိတယ်။ သမီးအဖေက ငယ်ငယ်ကတည်းက အိမ်မှာတယောတီးတယ်။ အဲဒါကိုနားယဉ်ခဲ့တာပဲရှိတယ်။ ဒါပေမဲ့ ၂၀၁၀လောက်ကစပြီးဆယ်တန်းဖြေပြီးကာစလောက်မှာ စသင်ဖြစ်တယ်။ သမီးကအနုပညာနဲ့ပတ်သတ်တာမှန်သမျှကို အကုန်စိတ်ဝင်စားတယ်။ ပြီးတော့ဇာတ်လမ်းတွဲတွေ ရိုက်ဖို့တော့ရှိပါတယ်”တဲ့။
ဆယ်ကျော်သက်တစ်ယောက်အနေနဲ့ အချစ်ကို ခံစားမိတဲ့ အပိုင်းကို “အချစ်ဆိုတာ ၁၅၀၀ နဲ့ ၅၂၈ ဆိုတဲ့ ပူလောင်ခြင်း၊ အေးမြခြင်းဆိုတာရှိတယ်။ ဖြစ်နိုင်ရင်အချစ်ဆိုတာကို မီးနဲ့တူတယ်လို့တော့ပြောချင်ပါတယ်။ ရင်ခုန်ရမဲ့ ချစ်သူတော့မရှိသေးပါဘူး။ ရွေးချယ်ဖြစ်မယ်ဆိုရင်အဓိက ကတော့ ကိုယ့်အပေါ် နားလည်မှုပေးနိုင်ရမယ်။ ဦးဆောင်နိုင်ရမယ်။ ကြိုးစားချင်စိတ်ရှိရမယ်။ ငယ်ငယ်တုန်းကတော့ အေးမြတဲ့ အချစ်မျိုးပဲတွေ့ဖူးတယ်။ အခုကျတော့ ဘယ်အရာက ပူလောင်တယ်။ ဘယ်အရာက အေးမြတယ်ဆိုတာကို ခွဲခြားသိလာပြီ။ အိမ်ကမိဘတွေက အချစ်ဆိုတာမီးနဲ့တူတယ်။ သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင်ရန်သူဆိုတော့ ကိုယ့်အတွက်သေချာပြီဆိုတော့မှရွေးချယ်လို့ဆုံးမထားပါတယ်။ မိဘတွေကတော့ အလယ်အလတ်လေးမှာပဲ ထိန်းပေးထားပါတယ်။ သူတို့လဲသဘောကျ သမီးလဲချစ်တဲ့သူဆိုရင်တော့ပိုအဆင်ပြေတာပေါ့နော်။ အရမ်းကြီးအစွန်းရောက်ရင်လဲမကောင်းဘူး“ လို့ပြောပြခဲ့ပါတယ်။