မိန်းကလေးအများစုဟာ ကိုယ်အလေးချိန်လျှော့ချမယ်ဆိုပြီး အသီးအနှံတွေစားကြပါတယ်။ဒါပေမဲ့ ဘယ်အသီးအနှံကိုရှောင်ရမလဲမသိကြပါဘူး။အဲ့ဒါကြောင့်အသီးတွေစားနေပေမဲ့အလေးချိန်မကျတာပါ။ကိုယ်အလေးချိန်လျှော့ချဖို့စဉ်းစားထားရင် ရှောင်သင့်တဲ့အသီးအနှံတွေကိုပြောပြပေးချင်ပါတယ်။
၁။တရုတ်ဇီးသီး
တရုတ်ဇီးသီးမှာပါဝင်တဲ့ amygdalin ဆိုတဲ့ဓာတ်တစ်မျိုးဟာ အစာအိမ်ထဲရောက်သွားတဲ့အခါမှာ ဟိုက်ဒရိုဂျင်ဆိုင်နက်ဆိုတဲ့ဓာတ်တစ်မျိုးအဖြစ်ပြောင်းလဲသွားပါတယ်။အဲ့ဒါကိုအများကြီးစားမိမယ်ဆိုရင် အစာအဆိပ်သင့်သလို အော့အန်တာ၊မူးဝေတာ၊အားအင်ချိနဲ့တာမျိုးဖြစ်စေပါတယ်။
၂။သစ်တော်သီး
သစ်တော်သီးဟာ အူရဲ့ လှုပ်ရှားမှုတွေကိုအနှောင့်အယှက်ပေးပြီး ၀မ်းချုပ်ရောဂါကိုဖြစ်ပွားစေနိုင်လို့ မစားသင့်ပါဘူး
၃။ထောပတ်သီး
ထောပတ်သီးကတော့ ကိုယ်အလေးချိန်လျှော့ချနေတဲ့သူတွေအထူးရှောင်ရှားသင့်ပါတယ်။ထောပတ်သီးတစ်လုံးမှာ ၂၂၇ကယ်လိုရီတောင်ပါဝင်ပါတယ်။
၎။စပျစ်သီး
စပျစ်သီးကလည်းရှောင်သင့်တဲ့အသီးအနှံထဲမှာ ပါဝင်ပါတယ်။စပျစ်သီးမှာသကြားဓာတ်အများကြီးပါဝင်ပြီး စားပြီးရင်လည်းအစာကျေနိုင်ဖို့ခက်ခဲပါတယ်။အက်ဆစ်ဓာတ်လည်းပါဝင်တာကြောင့် သွားတွေကိုအလွယ်တကူပျက်စီးစေနိုင်ပါတယ်။
၅။ငှက်ပျောသီး
ငှက်ပျောသီးကလည်း ကိုယ်အလေးချိန်လျှော့ချတဲ့သူတွေအတွက် ရှောင်သင့်တဲ့အသီးအနှံတစ်မျိုးပါ။အစာကိုဖြည်းဖြည်းချင်းချေဖျက်ပေးပါတယ်။မကြာသေးခင်ကလေ့လာတွေ့ရှိချက်အရ ငှက်ပျောသီးစားတာဟာ ခန္ဓာကိုယ်ထဲက လှုပ်ရှားတက်ကြွတဲ့ဆဲလ်တွေကိုနှေးကွေးစေတယ်လို့သိရပါတယ်။