“Fetish” သီချင်းဟာ အမေရိကန်အဆိုတော် ဆီလီနာ ဂိုးမက် ပင်တိုင်သီဆိုထားပြီး featuring အနေနဲ့က Gucci Mane ပါဝင်သီဆိုပေးထားပါတယ်။ ဂျုလိုင်လ (၂၆)ရက်နေ့ ကပဲ ထွက်ရှိတာဖြစ်ပြီး သီချင်းကိုရေးစပ်ထားသူများက Gomez, Mane, Chloe Angelides, Brett McLaughlin, Gino Barletta နဲ့ ပရိုဂျုဆာ Jonas Jeberg တို့ဖြစ်ပါတယ်။ သီချင်းဗီဒီယိုကို Petra Collins က ရိုက်ကူးထားတာဖြစ်ပါတယ်။
အနည်းဆုံးတော့ ဆီလီနာရဲ့ သီချင်းသစ် “Fetish” ဟာ စိတ်ဝင်စားဖို့ကောင်းတယ်လို့ အားလုံးက သဘောတူကြတယ်။ သီချင်းထဲမှာ ဆီလီနာက အထူးအဆန်းတွေစားပြတာနဲ့ ပတ်သတ်ပြီး မေးခွန်းတွေထုတ်လာကြတယ်။ ဗီဒီယိုထဲမှာ ဆီလီနာက ဖန်၊ ဆပ်ပြာနဲ့ နှုတ်ခမ်းနီတွေကို စားပြသွားတာ စိတ်ဝင်စားစရာပဲ။ ထိုသီချင်းဟာ စိတ္တဇဆန်ပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်လွယ်တဲ့လူ၊ ခံစားလွယ်တဲ့လူတွေ အတွက် အကြိုက်တွေ့စေတယ်လို့သိရပါတယ်။
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။