မိန်းကလေးတွေကြား ဒေါက်မြင့်ဖိနပ်စီးခြင်းဟာ လွန်ခဲ့တဲ့၂၀ရာစုလောက်တည်းက အလွန်ရေပန်းစားလာခဲ့ပါတယ်။ ဒါပေမယ့် ကိုယ့်အတွက်ဘာတွေထိခိုက်မှုရှိစေလဲ?နေ့တိုင်း ဒေါက်မြင့်ဖိနပ်စီးတဲ့အမျိုးသမီးတွေဟာ ဒီလိုဝေဒနာတွေခံစားလာရပါလိမ့်မယ်။ ခြေထောက်ဟာ ထောက်ထားရတဲ့အတွက်ကြောင့် အဆစ်တွေမှာ
ဖိအားများစွာထည့်ထားရပါတယ်။ တစ်ခါတစ်လေစီးတာတော့ ဘာမှမဖြစ်ပေမယ့် အမြဲတစေစီးမယ်ဆိုရင်တော့ ဒီအချက်တွေဖတ်ထားဖို့လိုပါတယ်။
၁.) ခြေဖဝါးနဲ့ ခြေထောက်ကြွက်သားတွေ ပျက်စီးစေခြင်း
ပုံမှန်အားဖြင့် မိန်းကလေးတွေဒေါက်ဖိနပ်စီးတဲ့အခါ သူတို့အရပ်လေးတွေ ပိုမြင့်သွားစေချင်ကြောင့်ဖြစ်ပြီး ပိုပြီးစမတ်ကျလာတယ်လို့လည်း ခံစားရလို့ဖြစ်ပါတယ်။ ဖနောင့်ကြောမှ ဘယ်လောက်ဖိအားတွေရှိနေမလဲဆိုတာ မသိနိုင်
ဘူးနော်။ အစပိုင်းမှာ သင့်ရဲ့ကြွက်သားတွေ ကျုံ့သွားပါလိမ့်မယ်။ ဒေါက်ဖိနပ်ဝတ် နေ့စဉ်အတွင်း ဖနောင့်ကြောတွေတင်းလာပြီိလို့ ခံစားရရင် ဒေါက်ဖိနပ်စီးခြင်းကို အချိန်ခဏတော့ ရပ်နားပေးဖို့လိုပါမယ်။
၂.)ဇက်ကြောတွေတက်လာမယ်
ဒေါက်ဖိနပ်စီးရင် ခြေထောက်ပိုင်းပဲထိခိုက်မှုရှိလိမ့်မယ်လို့ အများစုကထင်ကြပါတယ်။ သေချာလေ့လာကြည့်တဲ့အခါမှာတော့ သင့်ရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းထိပါ သက်ရောက်မှုရှိနိုင်တာတွေ့ရပါတယ်။ သင်ဟာနေ့တိုင်း ဒေါက်ဖိနပ်စီးနေသူတစ်ဦးဆိုရင်တော့ ရှောင်ရှားသင့်ပါတယ်။ ပိုပြီးတော့ ဖိအားတွေများလာပါလိမ့်မယ်။
၃.) ဒေါက်ဖိနပ်စီးခြင်းက ”Morton’s Neuroma” ဆိုတဲ့ရောဂါဖြစ်ပွားစေနိုင်
ဒေါက်ဖိနပ်စစီးတဲ့အချိန်ကစပြီး Morton’s Neuroma ဆိုတဲ့ရောဂါဟာ တဖြည်းဖြည်း ကြီးထွားလာပါတယ်။ အဲ့ဒါက သင့်ရဲ့အာရုံကြောစနစ်တွေကို ပျက်စီးစေပြီး အလွန်ဖိအားများစေပါတယ်။ ကျယ်ပြန့်ပြီး ထူပိန်းလာတဲ့
အာရုံကြောတွေဟာ တဖြည်းဖြည်းပျက်စီးစပြုလာတယ်။
၎.) အရိုးတွေ ပျက်စီးလာခြင်း
ဒေါက်ဖိနပ်က သင့်အရိုးတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ အရိုးတွေထိခိုက်စေတယ် ဆိုတာ ချက်ချင်းကြီး သင်ဝုန်းခနဲပစ်လဲသွားနိုင်လောက်ထိ ဆိုလိုတာမဟုတ်ပါဘူး။ ဒေါက်ဖိနပ်အမြဲစီးနေတဲ့ မိန်းကလေးတွေဆိုဖြစ်နိုင်ချေများပါတယ်။ ကွဲပြားတဲ့ အကြောင်းရင်းတွေကြောင့် သင်တို့အနေနဲ့သိထားသင့်တာက
ဒေါက်ဖိနပ်နဲ့ အကြာကြီးလမ်းလျှောက်ပြီဆို အားစိုက်မှုများလွန်းခြင်းကြောင့် ခန္ဓာကိုယ်အောက်ပိုင်းက အရိုးတွေကျိုးပဲ့ထိခိုက်လာနိုင်ပါတယ်။
၅.)အရှေ့ခြေဖျားတွေ နာကျင်လာမယ်
ဒေါက်ဖိနပ်ကြောင့် အရှေ့ခြေဖျားတွေ နာကျင်လာနိုင်ပါတယ်။ခန္ဓာကိုယ်တစ်ခုလုံးက အလေးချိန်ကို အရှေ့ခြေဖျားကထိန်းထားရတဲ့အတွက် ကြာရင်အလွန်နာကျင် လာပါလိမ့်မယ်။ ထိုနာကျင်မှုက ဒီတိုင်းမနေဘဲ အာရုံကြောပါထိခိုက်စေပါတယ်။
၆.) နောက်ကျောတွေ တောင့်လာခြင်း
ဒေါက်ဖိနပ်စီးတဲ့အခါ ခါးလေးကိုမတ်ပြီးလျှောက်မှ ဆွဲဆောင်မှုရှိတဲ့စတိုင်လ်မျိုးရမှာပေါ့လေ။ ခါးကိုတစ်ချိန်လုံးမတ်ထားရတဲ့အတွက် နောက်ကျောတောင့်တင်းခြင်းကို ဖြစ်ပေါ်စေပါတယ်။ ထိုကနေ ခေါင်းကိုက်ခြင်းဖြစ်ကာ လည်ပင်းကြွက်သားတွေကို တောင့်စေပါတယ်။