မင်းသားချောလေးပက်ဘိုဂန်းကတော့ မကြာသေးခင်က Love in the Moonlight ဇာတ်ကားနဲ့ပရိသတ်တွေသတိထားမိပြီး အောင်မြင်မှုတွေအများကြီးရရှိထားခဲ့ပါတယ်။သူ့ရဲ့ ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အသည်းစွဲဖြစ်လာခဲ့ပါတယ်။အရင်တုန်းက ဇာတ်လမ်းတွဲတွေ၁၀ကားလောက်ရိုက်ထားခဲ့ပေမဲ့ Moonlight ဇာတ်ကားမှာသာ စတင်ပြီး လူသိများလာခဲ့တာပါ။
ပက်ဘိုဂန်းဟာ မကြာသေးခင်က A Taxi Driver ဆိုတဲ့ဇာတ်ကားပြသပွဲမှာ အထူးဧည့်သည်အဖြစ်တက်ရောက်ခဲ့ပါတယ်။အဲ့ဒီပွဲမှာတော့ ချစ်စရာကောင်းပြီးကလေးဆန်တဲ့အသွင်အပြင်ကနေ ရင့်ကျက်တည်ကြည်ပြီးယောက်ျားပီသတဲ့အသွင်အပြင်ကိုမြင်တွေ့ခဲ့ရပါတယ်။ပက်ဘိုဂန်းဟာ ဂျင်မ်လည်းနေ့တိုင်းကစားဖြစ်တယ်လို့သိရပါတယ်။ပက်ဘိုဂန်းဟာ လီဗြောင်ဟွန်းနဲ့အတူ Ansi City ဆိုတဲ့ဇာတ်ကားကိုရိုက်ကူးထားပါတယ်။နောက်ထပ်လည်း မင်းသမီးကင်ဂျီဝန်နဲ့လည်းတွဲဖက်သရုပ်ဆောင်ဖို့ ဇာတ်ကားကိုလက်ခံထားတယ်လို့သိရပါတယ်။