လင်းနို့လူသား၊ ပင့်ကူလူသား၊ စသဖြင့် ကျွန်တော်တို့ ကြိုက်တဲ့ ဉာဏ်ကောင်းပြီး သန်မာတဲ့ စူပါဟီးရိုးတွေပေါ့။ ကြိုက်ချင်စရာကောင်းတဲ့ အချက်တွေထဲမှာ တခါတလေတော့လဲ သူတို့ပြောတဲ့ အဆိုအမိန့် တွေကြောင့်လဲပါပါတယ်။
၆။ Spiderman (2002)
Peter Parker: ဘယ်ဘ၀ရောက်ရောက် ဘယ်တော့မှ မမေ့မယ့် စကားကတော့ ‘စွမ်းအားကြီးလေ၊ တာဝန်ကြီးလေပဲ။ ဒါဟာ ငါ့လက်ဆောင်၊ ငါ့ကျိန်စာ။ ငါဟာ တခြားတော့မဟုတ်ဘူး။ ပင့်ကူလူသား။’
၇။ Hulk (2003)
Bruce Banner: ငါ့ကိုဒေါသထွက်အောင်လာမလုပ်နဲ့။ ငါဒေါသထွက်ရင် ငါဟာငါနဲ့ မတူတော့ဘူး။
၈။ Batman (1989)
The Joker: လရောင်မှိန်မှိန် အောက်မှာ နတ်ဆိုးနဲ့ တွဲကဖူးလား။
Jack Nicholson ဟာ အရမ်းအရမ်းတော်တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ သူဟာ ၁၉၈၉ခုနှစ်မှာ သေခြင်းအနိဋ္ဌာရုံနဲ့ ပတ်သက်တဲ့ ဇာတ်စကားတွေကို ပြောပြီး ကျွန်တော်တို့ရင်ထဲကို The Joker အဖြစ်နဲ့ ၀င်ရောက်ခဲ့သူပါ။
၉။ The Avengers (2012)
Captain America: ချပ်ဝတ်တန်ဆာ တွေနဲ့ လူကြီး။ ၀တ်စုံချွတ်လိုက်တော့ ဘာကောင်ကြီး ဖြစ်သွားတာတုန်း။
Ironman: ပါရမီရှင်၊ သန်းကြွယ်သူဋ္ဌေး၊ ဆော်ကြည်ဘဲ၊ ပရဟိတဒါနအလှူရှင်။
သူတို့ရဲ့ တကျက်ကျက် စကားများပုံက အရမ်းရယ်စရာကောင်းပါတယ်။ Captain America ရဲ့စောဒဂတက်မှု အပေါ် Ironman ဖြေပြသွားတဲ့ ထူးခြားပုံလေးကလည်း ဘယ်တော့မှ ရိုးသွားမှာ မဟုတ်ပါဘူး။
၁၀။ The Dark Knight (2008)
Alfred Pennyworth: တချို့လူတွေရဲ့ လိုချင်တက်မက်မှုက သမာရိုးကျမဟုတ်ဘူး။ သူတို့ကို ငွေနဲ့ပေါက်လို့မရ၊ အနိုင်ကျင့်ယူလို့ မရ၊ အကြောင်းပြချက်ပေးလို့လဲမရ၊ ညှိုနှိုင်းလို့လဲမရဘူး။ ကမ္ဘာကြီး မီးလောင်နေတာကိုပဲ ထိုင်ကြည့်ချင်နေကြတဲ့ သူတွေလေ။
ဟောလီးဝုဒ် စူပါဟီးရိုးရုပ်ရှင်ကား တွေထဲမှာ ထင်ရှားတဲ့သရုပ်ဆောင်ချက်တွေ၊ အထူးဖန်တီးပြုလုပ်ချက်တွေ အပြင် ဒီလိုမျိုး မှတ်သားစရာ စကားတွေလဲ ပြည့်နှက်နေပါတယ်။
Ref:mensxp