ကျန်းမာလှပတဲ့ရင်သားတွေရရှိစေမယ့် သဘာဝနည်းလမ်း ၅မျိုး

ပြီးပြည့်စုံတဲ့အလှပိုင်ရှင်တွေဖြစ်ဖို့ ခန္ဓာကိုယ်တစ်ခုလုံးကိုထိန်းသိမ်းစောင့်ရှောက်ရပါမယ်။ဒီတစ်ခါမှာတော့ အမျိုးသမီးလေးတွေအတွက် လှပတဲ့ရင်သားတွေရရှိစေဖို့ နည်းလမ်းကောင်း ၅မျိုးကိုဖော်ပြပေးချင်ပါတယ်။

၁။ရေအေးနဲ့ချိုးပါ

ရေအေးနဲ့ချိုးတာကသက်တောင့်သက်သာမဖြစ်ပေမဲ့တကယ်တော့အသားအရေအတွက်ကောင်းမွန်တဲ့နည်းလမ်းတစ်ခုပါ။ရေအေးနဲ့နေ့တိုင်းမချိုးနိုင်ဘူးဆိုရင်တောင် ရေခဲရေဆွတ်ထားတဲ့အ၀တ်စ၊ရေခဲတုံးလေးတွေနဲ့ ရင်သားကိုနှိပ်နယ်ပေးသင့်ပါတယ်။

၂။မတ်တပ်ရပ်တဲ့အခါမှာလည်း ခန္ဓာကိုယ်ကိုဖြောင့်ဖြောင့်ထားပါ။ပခုံးနှစ်ဖက်ကိုလည်းတန်းနေအောင်ထားပါ။အဲ့ဒါက ရင်ဘတ်ကြွက်သားတွေကိုတောင့်တင်းစေသလို ကိုယ်ဟန်အနေအထားကိုလည်းကြည့်ကောင်းစေပါတယ်။

၃။ရင်သားတွေကိုတင်းကျပ်စွာမစည်းပါနဲ့။မှန်ကန်တဲ့အတွင်းအကျီကိုရွေးချယ်ဝတ်ဆင်ပါ။တင်းကျပ်နေတာဟာ အသက်ရှူရတာကိုလည်းခက်ခဲစေပြီးစိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။

၎။အားကစားလုပ်တဲ့အခါမှာလည်း မှန်ကန်တဲ့အားကစားဝတ်စုံကိုဝတ်ဆင်ပါ။အတွင်းအကျီမပါပဲ ကြိုးခုန်တာ၊ပြေးတာတွေမလုပ်သင့်ပါဘူး။

၅။Croptopတွေဝတ်တဲ့အခါမျိုး၊လက်ပြတ်အကျီအဟိုက်တွေဝတ်တဲ့အခါမျိုးမှာ နေရောင်ခံကရင်မ်မလိမ်းပဲအပြင်မထွက်ပါနဲ့။ကရင်မ်မလိမ်းပဲအပြင်ထွက်မိတဲ့အခါမှာအသားအရေကိုခြောက်သွေ့စေပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.