လှပပြီး ချောမွေ့တဲ့အသားရေလေးတွေ ပိုင်ဆိုင်နိုင်မယ့် လျှိုဝှက်ချက် (၇)မျိုး

အသားရေက ဖြူသည်ဖြစ်စေ၊ ညိုသည်ဖြစ်စေ စိုစိုပြေပြေလေးနဲ့ ချောမွေတဲ့အသားရေမျိုးဆို တကယ်ကိုဆွဲဆောင်မှုရှိပါတယ်။ အသားရေမွဲခြောက်လို့ ၊ စိုပြေမှုမရှိလို့ စိတ်ညစ်နေတဲ့ မိန်းကလေးတွေအတွက် လျှို့ဝှက်ချက်(၇)မျိုးကိုဖော်ပြပေးလိုက်ပါတယ်။

၇.) အသီးရွက်စားပါ

အသားရေလှဖို့အတွက် ဒီအချက်ကအရေးကြီးဆုံးပါပဲ။ အသီးရွက်မစားပဲနဲ့တော့
စိုပြေလှပတဲ့အသားရေကို ရနိုင်မှာမဟုတ်ပါဘူး။ လူအများပြောနေကြတဲ့စကားရှိတယ်.. ” နင်ဝိတ်ချလိုက်ရင် အဆီတွေလည်းသူ့အလိုလိုကျသွားမှာပေါ့ ”တဲ့။ ဒါမှားပါတယ်…။ အဆီတွေကိုတိုက်ဖျက်နိုင်တာ လက်ဆက်တဲ့ အသီးရွက်တွေပါ။ သင်ဝိတ်ချတဲ့အခါ ထည့်သွင်းစားသုံးသင့်တဲ့ အစားစာတွေက –

– ပရိုတိန်းဓာတ် (အသား၊ ပတောင့်ရှည့်၊ အခွံမာသီး )
– လက်ဆီသင်ဓာတ် (ကြက်ဥ၊ ခရမ်းချဉ်သီး၊ ဟင်းနုနွယ်၊ ပဲပုပ်)
– ဖက်တီ အက်ဆစ် (ငါး၊ သံလွင်ဆီ၊ ထောပတ်သီး၊ အခွံမာသီး)
– အဆီလောင်ကျွမ်းစေတဲ့ အသီးရွက်များ (စပျစ်သီး)

၆.) ရေ

ရေများများသောက်ရင် ဘယ်လောက်အကျိုးရှိတယ်ဆိုတာကို တော်တော်များများလည်း သိကြမှာပါ။ အသားရေကောင်းဖို့အတွက်လည်း ရေကအဓိကပါ။  ရေသာနိုင်နိုင်သောက်ပေးဖို့လိုပါတယ်။ မနက်အိပ်ယာထထချင်းမှာ
အတတ်နိုင်ဆုံး ရေသုံးခွက်လောက် ပုံမှန်သောက်ပေးနိုင်ရင်ပဲ ဟုတ်လှပါပြီ။ လက်ဖက်ရည်တွေ၊ ကော်ဖီတွေနဲ့ အခြားဖျော်ရည်တွေသောက်မယ့်အစား ရေကိုများများသောက်ပေးပါ။

၅.) လေ့ကျင့်ခန်း

၂၄နာရီမှာ တစ်နာရီလောက်တော့ အချိန်ပေးပြီး လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်။  အထိုင်များတဲ့ လူတွေဟာ ဝိတ်တက်ပိုမြန်နိုင်တာမို့ တစ်နေ့ကို အနည်းဆုံး နာရီဝက်လောက်တော့ အချိန်ပေးသင့်ပါတယ်နော်။ လေ့ကျင့်ခန်းလုပ်ပေးခြင်းဟာ သင့်ခန္ဓာကိုယ်တွင်းက အဆီပိုတွေ၊ ပိတ်စို့နေတဲ့ ချွေးတွေပွင့်ထွက်လာကာ
တစ်နေ့လုံး ပေါ့ပါးလန်းဆန်းစေပါတယ်။

၎.) နှိပ်နယ်ပေးခြင်း

ပုံမှာပြထားတဲ့အတိုင်း အိမ်မှာဖြစ်ဖြစ် ဆိုင်မှာဖြစ်ဖြစ် နှိပ်နယ်ပေးခြင်းက အကျိုးသက်ရောက်မှုကောင်းပါတယ်။
ဆိုင်တွေမှာ နှိပ်ရင်တော့ ပိုကောင်းပြီး စုပုံနေတဲ့အဆီတွေကိုတိုက်ဖျက်ပေးနိုင်ပြီး
ခန္ဓာကိုယ်တွင်း ဇီဝဓာတ်တွေကို တိုးတက်စေပါတယ်။

၃.) ချေးချွတ်ပေးခြင်း

ကရင်မ်နဲ့ချေးချွတ်တာကတော့ သိပ်ပြီးမထိရောက်ပါဘူး။ အခုဆို အွန်လိုင်းမှာရော၊ အပြင်တွေမှာပါ အရည်သွေးကောင်းမွန်တဲ့ ချွေးချွတ်ဘူးလေးတွေရနေပြီဆိုတော့ ဝယ်ယူပြီးတော့ တစ်ပတ်ကိုတစ်ခါလောက်လုပ်ပေးပါ။ ချေးချွတ်ခြင်းက အပေါ်ယံအရေပြားပေါ်မှာရှိတဲ့ အညစ်ကြေးတွေကိုဖယ်ရှားပေးနိုင်ပြီး သွေးလှည်ပတ်မှုကို
ကောင်းမွန်စေကာ၊ ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်ကိုထောက်ပံ့ပေးနိုင်ပါတယ်။

၂. ရေချိုးခြင်း

ပုံမှန်အတိုင်း ရေချိုးခြင်းက သွေးလည်ပတ်မှုနဲ့ ဇီဝဖြစ်စဉ်ကိုကောင်းမွန်စေပါတယ်။
ရေနွေးလေးနဲ့ချိုးပေးမယ်ဆိုရင်တော့ အညောင်းညာပြေစေကာ အရေပြားကိုလည်းပိုသန့်ရှင်းပေးနိုင်ပါတယ်။

၁.) ချွေးထုတ်ခန်းသွားခြင်း

ချွေးထုတ်ခန်းမှာ အနားယူခြင်းဟာလည်း သွေးလည်ပတ်မှုနဲ့ သွေးဖြူဆဲလ်တွေ အတွက် ကောင်းမွန်စေပါတယ်။ တစ်ခါချွေးထုတ်ပြီးတိုင်း နူးညံ့စိုပြေတဲ့ အသားရေအဖြစ် ပြောင်းလဲသွားတာကိုတွေ့ရပါလိမ့်မယ်။ သူကပိတ်နေတဲ့
ချွေးတွေပွင့်ထွက်သွားစေပြီး အရေပြားပေါ်ရှိအညစ်ကြေးတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

ဒီနည်းလမ်း (၇)ခုတည်းက တစ်ခုကိုပဲရွေးလုပ်မယ်ဆို သိသိသာသာပြောင်းလဲမှု ရှိမှာတော့မဟုတ်ပါဘူး။ မလှတဲ့မိန်းကလေးမရှိဘူး…ပျင်းတဲ့မိန်းကလေးပဲရှိတယ်တဲ့…။ အသားရေလေးလှချင်တယ်ဆိုရင်တော့ ပျင်းလို့မဖြစ်ဘူးနော်။ စိုပြေလှပတဲ့ အသားရေလေးတွေပိုင်ဆိုင်နိုင်ကြပါစေ..!

217 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.