သဘာဝလွန်ဖြစ်ရပ်တွေနဲ့ သည်းထိတ်ရင်ဖိုကြည့်ရမယ့် ” Wish Upon ”

” Wish Upon ” ရုပ်ရှင်ဇာတ်ကားဟာ ၂ဝ၁၇ အမေရိကန် သဘာဝလွန်ဖြစ်ရပ်၊ သည်းထိတ်ရင်ဖို ဇာတ်ကားဖြစ်ပြီး Jhon R.Leonetti မှရိုက်ကူးကာ ဇာတ်ညွှန်းက Barbara Marshall ဖြစ်ပါတယ်။ Joey King, Ki Hong Lee, Sydney Park, Elisabeth Rohm နဲ့ Ryan Phillipe ပါဝင်သရုပ်ဆောင်ထားပါတယ်။ ၂ဝ၁၇ ဂျုလိုင်လ ၁၄ရက်နေ့ကပဲ ထွက်ရှိခဲ့တာလို့သိရပါတယ်။

ဇာတ်လမ်းအကျဉ်း
၁၇နှစ် Clare Shannonဟာ ဆွဲကြိုးချသတ်သေသွားတဲ့ သူမအမေရဲ့ပုံရိပ်တွေက သူမကို အမြဲတစေချောက်လှန့်နေခဲ့တယ်။ သူမအဖေ Jonathan ဟာ ပစ္စည်းဟောင်းရှာဖွေသူတစ်ယောက်ဖြစ်ပြီး Music box လေးတစ်ခုရှာတွေ့တာနဲ့  Clare ကိုလက်ဆောင်ပေးခဲ့ပါတယ်။ ထို Music boxလေးက ကြိုက်ရာဆုကို
တောင်းနိုင်တယ်လို့သိရတဲ့အတွက် Clareက သူမကိုကျောင်းမှာ အနိုင်ကျင့်နေတဲ့ ကောင်မလေးကို ထိခိုက်ဒဏ်ရာရပါစေလို့ဆုတောင်းလိုက်တယ်။ ထို music box လေးက သူမဆုတောင်းသမျှကို အကုန်ဖြည့်ဆည်းပေးပါတယ်။ သူမလိုချင်တာတွေအကုန်ရပေမယ့် နောက်ပိုင်းပေးဆပ်ရမယ့် တန်ဖိုးက
မသေးလှဘူး။ သူဆုတောင်းတွေပြည့်ခဲ့သလို ပြန်လည်ပေးဆပ်ရမယ့် တန်ရာတန်ကြေးကို သူမ ရင်မဆိုင်နိုင်တော့တဲ့အခါ
ဘာတွေဆက်ဖြစ်မလဲဆိုတာ ရုပ်ရှင်ကားလေးထဲမှာ ကြည့်လိုက်ရအောင်နော်။

 

26 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.