ရိုးရိုးခေါင်းကိုက်တာဆို ဆေးသောက်ရင် ပျောက်သွားနိုင်ပေမယ့် ဒီအချက်တွေနဲ့ငြိနေမယ်ဆို ရင် ပေါ့ဆလို့မဖြစ်တော့ပါဘူး..

လူတိုင်း ခေါင်းကိုက်ဖူးမှာပါ။ ပုံမှန်အားဖြင့် ခေါင်းကိုက်တဲ့အခါ နာကျင်မှုပေါ်မူတည်ပြီး စိတ်တိုခြင်း၊ အလိုမကျခြင်းတွေ ဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေ ပုံမှန်ခေါင်းကိုက်မှု အသေးစားလေးတွေကတော့ နာကျင်မှုသိပ်မများပါဘူး။ ဒါပေမယ့်လည်း ပေါ့ဆလို့မဖြစ်ပါဘူး။  အချိန်ကြာမြင့်စွာ ခေါင်းကိုက်တတ်နေပြီဆို သင့်ခန္ဓာကိုယ်ထဲမှာ ပြဿနာတစ်ခုခုဖြစ်နေလို့ပါ။

၁.) ခေါင်းကိုက်တဲ့အခါ များသောအားဖြင့် လစ်လျုရှုထားတတ်ပါတယ်။ ဒီလိုပဲအမြဲ ခေါင်းကိုက်နေတာဆိုရင်တော့ မပေါ့ပျက်ပါနဲ့ .. သင့်ခန္ဓာကိုယ်တွင်းက အစိတ်အပိုင်းတစ်ခုချို့ယွင်းလို့ အချက်ပြနေတာဖြစ်နိုင်ပါတယ်။

၂.) ခေါင်းကြီးကိုက်ရောဂါဆိုပြီိး များသောအားဖြင့်သိထားပါတယ်။ ပထမတော့
နာကျင်မှုက နည်းပေမယ့် တဖြည်းဖြည်းကိုက်ပါများလာတော့ နာကျင်မှုဒဏ်ကပြင်းထန်လာနိုင်ပါတယ်။

၃.) ခေါင်းကိုက်ခြင်းဟာ သွေးပိတ်ရောဂါ၊ သွေးလွှတ်ကြောကြီးခြင်း၊ ဦးနှောက်အကြိတ်ဖြစ်ခြင်း၊ ဦးနှောက်အတွင်း သွေးယိုခြင်းတို့ကြောင့်ဖြစ်နိုင်ပါတယ်။ သွေးလွှတ်ကြောနဲ့ သွေးပြန်ကြောဆက်သွယ်လို့မရတော့တဲ့အခြေအနေကတော့ အလွန်ဖြစ်ခဲပါတယ်။

၎.) ရုတ်တရက်မခံနိုင်အောင် ထိုးပြီးခေါင်းကိုက်တာမျိုးကို ‘Thunderclap Headache’ လို့
ခေါ်ပါတယ်။ ဦးနှောက်ထဲသွေးယိုတာမဟုတ်ဘူးဆိုရင်တော့ တစ်မိနစ်လောက်ကိုက်ပြီးတာနဲ့ သက်သာသွားပါတယ်။

၅.) သင်ဟာ ခန္ဓာကိုယ်ကိုအသုံးပြုပြီး အလုပ်လုပ်နေရချိန် ခေါင်းတအားကိုက်လာရင်
ဦးနှောက်အကြိတ်ဖြစ်ခြင်း (သို့) သွေးလွှတ်ကြောကြီးခြင်းတို့ရဲ့လက္ခဏာပါပဲ။ ခေါင်းမှာဒဏ်ရာရပြီးမှ ခေါင်းကိုက်တာမျိုးဖြစ်တယ်ဆိုရင် ဦးနှောက်ပြင်းထန်စွာ ထိခိုက်သွားလို့ ဖြစ်ပါတယ်။ သင့်အနေနဲ့ ချက်ချင်းဆေးကုသမှုခံယူသင့်ပါတယ်။

948 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.