သင့်လက္ခဏာကပြောပြနေတဲ့ သင့်ရဲ့အချစ်ရေးလမ်းကြောင်း

လူတော်တော်များများက သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးကို တည်ဆောက်လိုကြပါတယ်။ လူကြီးတွေပြောတာတော့ မိန်းကလေးတွေဆို ၂၅လောက်အိမ်ထောင်ပြုရင် ကလေးယူမှာနဲ့ဆို အနေတော်ပဲတဲ့။ ယောက်ျားလေးတွေကတော့ အရွယ်တင်တော့ ၃ဝလောက်မှယူလည်းအဆင်ပြေတာပေါ့။  တစ်ချို့တွေကျတော့လည်း အိမ်ထောင်ပြုရမှာနဲ့ပတ်သတ်ပြီး စိတ်လှုပ်ရှားကြပါတယ်။ အိမ်ထောင်ရေးကံကောင်းပါ့မလားလို့ဆိုပြီးတွေးကြောက်နေတာမျိးပေါ့။  ဒါဆို သင့်လက္ခဏာကပြောပြနေတဲ့ သင့်ရဲ့အိမ်ထောင်ရေးလမ်းကြောင်း ကောင်း၊ မကောင်းကိုကြည့်လိုက်ကြရအောင် .. !

၁.) လက်ဖဝါးယှဉ်ကြည့်တဲ့အခါ တူနေရင်

ပုံမှာပြထားတဲ့အတိုင်း လက်ဖဝါးနှစ်ဖက်ကပ်လိုက်ရင် ပစောက်ပုံစံပေါ်ပြီး လက်သန်းကြွယ်နဲ့ လက်သန်းအရစ်လေးတွေ တစ်တန်းတည်းဖြစ်နေမယ်ဆို သင်ဟာ ဦးဆောင်စီမံနိုင်သူဖြစ်ပါတယ်။ သင့်ဘဝကိုလည်း နည်းစနစ်ကျစွာ
ဖြတ်သန်းပြီး ဥာဏ်ရည်အလွန်မြင့်မားပါတယ်။ သင့်ဘဝနဲ့ရော၊ သင့်စိတ်နဲ့ပါ ထပ်တူကျမယ့်လူမျိုးနဲ့ဖူးစာဆုံမှာဖြစ်ပြီး အသေးဖွဲ့ပြဿနာလေးတွေတော့ရှိပေမယ့် သာယာတဲ့အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

၂.)ညာဘက်လက် အရစ်ပိုမြင့်နေရင်

ညာဘက်လက်က အရစ်ပိုမြင့်နေတဲ့လူတွေဟာ သူတို့ရဲ့အမြင်ကိုချမပြခင် အခြေအနေတစ်ခုကို အရင်နားလည်နိုင်အောင်ကြိုးစားပါတယ်။ အမှန်တရားတစ်ခုကို မသိမချင်း အခြားလူတွေရဲ့ပြောစကားကို ယုံတတ်တဲ့လူစားမဟုတ်ပါဘူး။ သင်ယုံကြည်တဲ့အရာတစ်ခုကို အခြားလူတွေဘယ်လိုတားတားဂရုမစိုက်တတ်ပါဘူး။ သင့်ထက်ရင့်ကျက်ပြီး အသက်ကြီးတဲ့လူနဲ့ဖူးစာဆုံမှာဖြစ်ပါတယ်။

၃.) ဘယ်ဘက်လက်အရစ်ပိုမြင့်နေရင်

ဘယ်ဘက်လက် အရစ်ပိုမြင့်နေတဲ့လူတွေရဲ့အသွင်ပြင်သဏ္ဍာန်ဟာ ခန့်ညားကြည့်ကောင်းပါတယ်။ သူတို့ဟာ ဆွဲဆောင်မှုရှိပြီး သြဇာအပြည့်ရှိသူနဲ့ ဖူးစာဆုံမှာဖြစ်ပါတယ်။ နယ်မြေရပ်ခြားကလူနဲ့လည်းဖူးစာဆုံနိုင်ပါတယ်။

 

၎.) လက်ချောင်းရှည်သူ

လက်ချောင်းရှည်သူတွေဟာ အသေးဖွဲ့လေးတွေအစ ဂရုစိုက်တတ်ပါတယ်။ ပတ်ဝန်းကျင်နဲ့လည်း လိုက်လျောညီထွေနေတတ်ပြီး အကောင်းမြင်တတ်ကြပါတယ်။ သင့်လိုပဲ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှုရှိသူနဲ့ ဖူးစာဆုံရပါလိမ့်မယ်။

၅.) လက်ချောင်းတိုသူ

လက်ဖဝါးကျယ်ပြီး လက်ချောင်းတိုပိုင်ဆိုင်ထားသူတွေက စိတ်မရှည်တတ်သူတွေဖြစ်ပါတယ်။ အသေးစိတ်ကိစ္စတွေကို တတ်နိုင်သလောက်သူတို့ လစ်လျုရှုထားတတ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ အစီစဉ်ချတဲ့အခါကျွမ်းကျင်ပြီး ပွဲတော်တွေစီစဉ်ရာမှာ တကယ့်ကိုထက်မြတ်ပါတယ်။ သူတို့ဟာ စိတ်ရှည်သည်းခံပြီး အကောင်းမြင်တတ်တဲ့သူတွေနဲ့ ဖူးစာဆုံရတတ်ပါတယ်။

158 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.