Running Man အစီအစဉ်မှာ ပါဝင်ရိုက်ကူးဖို့လက်ခံထားတဲ့ Girl’s Generation

Girl’s Generationအဖွဲ့ဟာ Running Man တီဗီရှိုးအစီအစဉ်မှာပါဝင်ရိုက်ကူးဖို့ မကြာသေးခင်က လက်ခံခဲ့တယ်လို့သိရပါတယ်။Running Manဟာပရိသတ်အားပေးမှုတွေအများကြီးရရှိထားတဲ့အကောင်းဆုံးအသင်းအစီအစဉ်တစ်ခုပါ။ထုတ်လွှင့်မယ့်ရက်ကိုအတိအကျမသိရသေးသော်လည်း လာမယ့်သြဂုတ်လလယ်အတွင်းမှာဖြစ်လိမ့်မယ်လို့ အတည်ပြုကြေညာထားပါတယ်။အဖွဲ့ဝင် ၈ယောက်ရှိပြီး ဆိုးဟွန်ကတော့ Running Man အစီအစဉ်မှာမပါဝင်ဖြစ်ပါဘူး။သူမက ဇာတ်ကားရိုက်နေတာမပြီးပြတ်သေးတဲ့အတွက် ကျန်တဲ့၇ယောက်သာပဲ အစီအစဉ်မှာပါဝင်ရိုက်ကူးမှာဖြစ်တယ်လို့သိရပါတယ်။အခုလောလောဆယ်မှာတော့ Girl’s Generationဟာ သူတို့အဖွဲ့ရဲ့ ၁၀နှစ်ပြည့်အမှတ်တရနေ့ကိုခမ်းခမ်းနားနားကျင်းပနိုင်ဖို့ပြင်ဆင်နေပါတယ်။ပြီးတော့ကျန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာ ကြိုးစားပြီးသေချာလုပ်ထားခဲ့တဲ့သီချင်းအယ်လ်ဘမ်ကိုလည်း ၁၀နှစ်ပြည့်တဲ့နေ့မှာတစ်ခါတည်းကြေညာနိုင်ဖို့ပြင်ဆင်ထားတယ်လို့လည်းသိရပါတယ်။

50 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.