မိန်းကလေးတွေအတွက် လွယ်ကူရိုးရှင်းတဲ့ဆံပင်စတိုင်လ် ၉မျိုး

ဒီတစ်ခါမှာတော့ လွယ်လွယ်ကူကူနဲ့ဆံပင်ပုံစံအလန်းလေးတွေလုပ်ချင်တဲ့အမျိုးသမီးလေးတွေအတွက် ဘယ်လိုလုပ်ရမလဲဆိုတာဖော်ပြပေးထားပါတယ်။အချိန်ကုန်သက်သာစေပြီးလှပတဲ့ဆံပင်စတိုင်လ်လေးတွေပါ။

၁။ကျစ်ဆံမြီးလေးတစ်ဖက်ကျစ်ထားပြီးစည်းထားတဲ့ပုံစံက အလွယ်တကူလုပ်လို့ရပြီး ဆန်းသစ်တဲ့ပုံစံလေးဖြစ်စေပါတယ်။အပြင်သွားတဲ့အခါမှာလည်း ဆံပင်စည်းသွားချင်တယ်ဆိုရင် ဒီလိုဒီဇိုင်းအဆန်းလေးနဲ့လန်းလို့ရတယ်နော်။

၂။ပုံထဲမှာမြင်တွေ့ရတဲ့ဆံပင်ထုံးဖွဲ့မှုလေးကလည်း မြင်ရတာရိုးရှင်းပေမဲ့ ဆံပင်ကိုမဖြန့်ထားချင်တဲ့သူတွေအတွက်တော့ ရိုးရိုးလေးနဲ့လှပစေမှာပါ။

၃။ဆံပင်အမောက်ထောင်ထားတဲ့ပုံစံကတော့ လူငယ်တွေအကြိုက်ပါပဲ။မျက်နှာကိုပိုပြီးသွယ်သွားစေတယ်လို့ထင်ရပါတယ်။

၎။မွေးနေ့ပါတီတွေသွားရမယ်ဆိုတဲ့အခါ ဒီလိုဆံပင်ပုံစံမျိုးနဲ့လိုက်ဖက်လှပပါတယ်။အရမ်းကြီးဆန်းသစ်နေတာမျိုးလည်းမဟုတ်ပဲ အမြင်တင့်တယ်စွာလှပနေတာကိုမြင်တွေ့ရမှာပါ။

၅။ဖဲကြိုးလေးနဲ့အလှဆင်ချင်တဲ့သူတွေအတွက် လှပတဲ့ဆံပင်ထုံးဖွဲ့မှုလေးပါ။လူငယ်လည်းဆန်ပြီးအပြင်သွားတဲ့အခါမှာလည်း ဘယ်လိုအ၀တ်အစားမျိုးနဲ့မဆိုလိုက်ဖက်တာကိုတွေ့ရမှာပါ။

၆။ဒီပုံစံလေးကတော့ မိန်းကလေးအများစုနှစ်သက်ကြတဲ့ဒီဇိုင်းလေးပါ။လွယ်ကူပြီး ဆံပင်ကိုမြန်မြန်ဆန်ဆန်ထုံးလို့ရပါတယ်။အချိန်သိပ်မပေးနိုင်တဲ့သူတွေအတွက်တော့ အဆင်ပြေပြီး ရိုးမသွားတဲ့ပုံစံပါ။

၇။ကျစ်ဆံမြီးကျစ်တာကိုနှစ်သက်တယ်ဆိုရင်တော့ ဒီငါးရိုးကျစ်ဆံမြီးလေးကိုကျစ်ဖို့မမေ့နဲ့နော်။

၈။ဒီလိုလှပတဲ့ဆံပင်ပုံစံလေးကိုတော့ ပွဲနေပွဲထိုင်သွားတဲ့အခါမျိုးမှာ လုပ်သင့်ပါတယ်။ကျစ်ဆံမြီးကိုအရင်ကျစ်ပြီးမှပြန်ထုံးဖွဲ့ထားတဲ့ပုံစံမျိုးဆိုတော့ ကျက်သရေရှိစွာနဲ့လှပနေတာကိုမြင်တွေ့ရမှာပါ။

၉။တစ်ဝက်ကိုစည်းပြီးဆံပင်တစ်ဝက်ကိုဖြန့်ချထားတဲ့ပုံစံလေးပါ။ဒီိပုံစံလေးကိုလည်း မိန်းကလေးအများစုက နှစ်သက်စွာလုပ်လေ့ရှိပါတယ်။ဆံပင်စည်းထားပုံကလည်းဆန်းပြီး ဗိုလ်ဆန်ဆန်လေးနဲ့လှပတဲ့ပုံစံလေးမို့လို့ ဘယ်နေရာကိုပဲသွားသွား အဆင်ပြေလွယ်ကူတဲ့ဒီဇိုင်းလေးပါ။

81 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.