Koeko Fashion နဲ့ပတ်သက်ပြီး သူများကိုဒုက္ခရောက်အောင် မလုပ်ပါဘူးလို့ ပြောတဲ့ အဆိုတော် စန္ဒီမြင့်လွင့်

 

ပထမဆုံးလုပ်တဲ့ စီးပွားရေးမှာ ဝေဖန်မှုတွေ ကြုံရတဲ့အတွက် နောက်လုပ်မယ့်အလုပ်တွေလုပ်တဲ့အခါ ပညာရတယ်လိုပြောလာသူကတော့ အဆိုတော် စန္ဒီမြင့်လွင့် ဖြစ်ပါတယ်။ ဒီနေ့နဲ့ဆိုရင်သူဖိနပ်ဟာ ဈေးကွက်ထဲကိုရောက်တာ ၁၀ရက်ကျော်သွားပါပြီ သူမရဲ့ဖိနပ်နဲ့ပတ်သက်ပြီး ဘယ်လောက်အာမခံတဲ့  အကြောင်းနဲ့  ဂီတလှုပ်ရှားမှုတွေကိုပါ ပြောပြခဲ့ပါတယ်။

 

 

Q.လက်တလော ဒီးဒီရဲ့လှုပ်ရှားမှုတွေကိုပြောပြပေးပါလား။

ဂီတလှုပ်ရှားမှုအနေနဲ့ ပွဲလေးတွေရှိရင် သီချင်းဆိုဖြစ်တယ်။နောက်လထဲမှာထွက်ဖို့ သီချင်းတစ်ပုဒ် အတွက်လည်း လုပ်နေပါတယ်။

Q.အဲသီချင်းကိုဘယ်မှာပါ မှာလဲ။

Online ကနေပဲလွှင့်မှာပါ။ သီချင်းနာမည်က လောလောဆယ်တော့သေချာပြောလို့ မရသေးဘူး။ ဒီဒီး ဆီကိုတောင် အခုမှရတာဆိုတော့လေ။

Q.နောက်ထပ်သီချင်းခွေအသစ်ရော ထွက်ဖို့ရှိလား။

သီချင်းအခွေကတော့ ဒီနှစ်တော့မထွက်နိုင်သေးဘူး။သီချင်းတွေတော့ စုနေတယ်။ နောက်နှစ်မှပဲ ထွက်ဖြစ်မှာပါ။

Q.Koeko Fashion ဆိုပြီး ဖိနပ်ကလေးတွေထုတ်ဖြစ်တဲ့ အကြောင်းကိုပြောပြပေးပါလား။

ဒီးဒီကဖိနပ်အရမ်းကြိုက်တဲ့ထဲမှာပါတော့ သူငယ်ချင်းတွေနဲ့အတူတိုင်ပင်ပြီး လုပ်ဖြစ်တာပါ။ ဒီဒီးလည်းဒီအသက်အရွယ်မှာ စီးပွားရေးလေးတစ်ခုလုပ်မယ်လို့ စဉ်းစားပြီး Koeko Fashion လေးကိုလုပ်ဖြစ်တာပါ။

Q.ဖိနပ်တွေက ဘယ်နိုင်ငံက သွင်းတာလဲ။

အဓိကတင်သွင်းတာကတော့ တရုတ်ကလည်းသွင်းတယ်။ယိုးဒယား ဘက်ကလည်း တင်သွင်းပါ တယ်။အဲဒါကိုမှ ဒီးဒီတို့ ဟန်းမိတ်ပြန်လုပ်ပါတယ်။အခုဆိုရင်လည်း ဈေးကွက်မှာဖိနပ်တော်တော်များ များရောက်ရှိနေပါပြီ။

Q.ဈေးကွက်ထဲရောက်နေပြီဆိုတော့ ဖိနပ်အခြေအနေကရော ဘယ်လိုရှိလဲ။

အခုဆိုရင်ဒီးဒီရဲ့ဖိနပ်လေးတွေ ဈေးကွက်ကိုရောက်တာ (၁၀)ရက်ပဲရှိပါသေးတယ်။ ဒီရက်တိုလေး အတွင်းမှာတော်တော်လေးရောင်းရပါတယ်။ ကြိုက်လည်းကြိုက်ကျပါတယ်။တချို့မကြိုက်တဲ့သူတွေ လည်းရှိကောင်းရှိပါတယ်။ဒီးဒီတို့ကဒီလောက်ကိုဒီဈေးနဲ့ ရတဲ့ဟာကိုပဲရွေးထားတာပါ။ ဒီထက်ကောင်း တဲ့ Quality  လည်းလုပ်သွားဖို့ရှိသလို ဒီဈေးအတိုင်းကိုပဲ ဒီပုံစံအတိုင်းထပ်ရောင်းသွားဖို့လည်း ရှိပါ တယ်။

Q.ဖိနပ်ဈေးနှုန်းလေးရော ဘယ်လောက်နဲ့ရောင်းချလဲ။

၂သောင်းခွဲအများဆုံးပါပဲ။ အဲ့ထပ်မပိုပါဘူး။ Online Service ဖြစ်တဲ့အတွက် အဲအပေါ်မှာ deli free လေးတွေရှိပါတယ်။ဒီးဒီရောင်းတဲ့ဖိနပ်ဈေးနှုန်းကတော့ အရမ်းတန်ပါတယ်။ တချို့ရောင်းတဲ့ဖိနပ်တွေ ဆိုရင် ၅သောင်းဝန်းကျင်ရှိပါတယ်။

Q.ဖိနပ်ဒီဇိုင်းကို အဓိကဘယ်လိုဒီဇိုင်းတွေထုတ်ဖြစ်လဲ။

စစထွက်ခြင်းမှာတော့ လူငယ်ဆန်ဆန်ပုံစံလေးတွေ ဟော့ရှော့လေးတွေရွေးလိုက်တယ်။ အခုနောက်ပိုင်းတော့ ပုံစံခတ်ရိုးရိုးလေးတွေ သွားဖို့လည်းဒီးဒီစဉ်းစားထားတာရှိတယ်။ မိုးရာသီဖိနပ် လေးတွေလည်း ထုတ်ဖို့ရှိပါတယ်။

Q.ဒီးဒီဖိနပ်လေးတွေက Handmade လေးတွေပဲလား။

Handmade တွေကတော့ ဖိနပ်တိုင်းမလုပ်ဖြစ်ပါဘူး။ Handmade ဆိုတာက လက်နဲ့လုပ်ရတာဖြစ် တဲ့အတွက် အဆင်မပြေတာလေးတွေလည်း ရှိပါတယ်။ ဒီးဒီ အရင်က Handmade လိုကြော်ငြာထား တယ်။ Handmade ဆိုတဲ့ပစ္စည်းက အိုက်ဒီယာလေးတစ်ခုနဲ့ လုပ်လိုက်တာပါ Handmade ဆိုတဲ့ ပစ္စည်းက Handmade ဆိုတဲ့အတိုင်းပစ္စည်းပဲကပ်လိုရမှာပါ။ နောက်ပိုင်းမှာတော့ Handmade မဟုတ်ပဲနဲ့နောက်ပိုင်းမှာ ဘယ်လိုပုံစံမျိုးဖြစ်အောင်လုပ်ရင် ကောင်းမလည်းတော့ စဉ်းစားထားပါ တယ်။ Handmade ဆိုတဲ့အရာကခွာလို့ရတယ်လေ ခွာပြီးလုပ်တာလို့ပြောလို့ရတယ်လေ။ နောက်ပိုင်း မှာတော့ Handmade လုပ်ဖို့ကို သေချာတော့စဉ်းစားရမယ်။ Handmade ဆိုတာက ခွာပြီး နာမည်ဖြတ်လို့ရတယ်လေ။

Q.တချို့ဖိနပ်နဲ့ပတ်သက်ပြီး ဝေဖန်တာလေးတွေတွေ့ရတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဒီးဒီဘာပြောချင်လဲ။

စန္ဒီမြင့်လွင် လုပ်တာဆိုတော့လေ ကိုယ်ကိုမကြိုက်တဲ့သူတွေက စန္ဒီမြင့်လွင် ဘာလုပ်လုပ် သီချင်း ထွက်လည်း ပြောမှာပဲလေ။ဒီစီးပွားရေးလေးကို ပထမဆုံးစလုပ်ဖြစ်တော့လည်း မကြိုက်တဲ့သူလည်း ရှိသလို ကြိုက်တဲ့သူလည်း ရှိတယ်ဆိုတော့လေ ဒီးဒီတို့ဖိနပ်ကိုမကြိုက်ဖူး မကောင်းဖူးလိုပြောတဲ့သူ တိုင်းကို တစ်ရံချင်းဆီပြန်လည်ဖြေရှင်းပေးပါတယ်။ ပြန်ပြီးတော့လည်းလဲပေးပါတယ်။ ဒီကြားထဲ သက်သက်နာမည်ပျက်စေလိုတဲ့ သဘောမဟုတ်ပဲကိုယ်ဘက်ကတစ်ခုခုလွဲချော် သွားတယ်ဆိုရင်အကုန် လုံးကိုတာဝန်ယူပြီး လဲပေးပါတယ်။ အခုတော့အားလုံးအဆင်ပြေသွားပါပြီ မကြိုက်ဖူးလို့ပြောတာက လည်း တစ်ယောက်ပဲရှိပါတယ်။ သူကိုလည်း ပိုက်ဆံပြန်ပေးခဲ့ပါတယ်။ဖိနပ်လည်းပြန်ယူခဲ့ပါတယ်။ သူဘက်ကမကျေနပ်တာကိုတော့ ဒီးဒီတို့ဘက်ကထပ်ပြီး ရှင်းဖို့မရှိတော့ပါဘူး။

Q.ပထမဆုံးလုပ်တဲ့ စီးပွားရေးမှာအခုလိုအတိုက်အခံတွေ တွေ့ ရတော့ဒီးဒီရဲ့ခံစားချက်ကို ပြောပြပါလား။

ပထမဆုံးလုပ်တဲ့အလုပ်မှာ အခုလိုအတိုက်အခံတွေတွေ့ရတဲ့အတွက် ပိုပြီးတော့အတွေ့အကြုံ ရပါတယ်။နောက်ဆိုဘယ်လိုတွေလုပ်သင့်တယ်ဆိုတဲ့ အတွေ့အကြုံတွေ့လည်း ရသွားတယ်။ ဒီးဒီပထမဆုံးလုပ်တာဖြစ်တဲ့အတွက် အမှားပါသွားတာလေးတွေလည်း ရှိကောင်းရှိပါမယ်။ ဒါကလည်း အစဖြစ်တဲ့အတွက်ဖြစ်သွားတာပါ။ ဘယ်သူကိုမှနစ်နာပါစေဆိုပြီး လုပ်တာမဟုတ်ပါဘူး။ ဒီအချိန်ထိ လည်း ဘယ်သူကိုမှဒုက္ခမပေးဖူးပါလို့ ပြောချင်ပါတယ်။

Q.ဒီးဒီကိုအားပေးချင်တဲ့ သူတွေအနေနဲ့ ဘယ်လိုမှာယူရမလဲဆိုတာ ပြောပေးပါလား။

Koeko Fashion ဆိုတဲ့ Page ကနေ့ ဝယ်ယူလိုရပါတယ်။ နောက်နှစ်ထဲမှာလည်း ဆိုင်ဖွင့်ဖို့ရှိပါ တယ်။ ဒီးဒီရဲ့ဖိနပ်လေးတွေနဲ့ ပတ်သက်ပြီး အာမခံပါတယ်။ ဒီးဒီသူများကိုဒုက္ခရောက်အောင် မလုပ်ပါဘူး။ နောက်ထပ်လည်း ကလေးဖိနပ်တွေရော လူကြီးလူငယ်မရွေးစီးလို့ရတဲ့ဖိနပ်တွေ ထပ်ပြီးတင်သွင်းသွားမှာဖြစ်ပါတယ်။ အားပေးတဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.