ရှေးအီဂျစ်လူမျိုးများရဲ့ လက်ဝတ်ရတနာ

egyptian-necklace-beads.jpeg

          ရှေးကျလှပြီဖြစ်တဲ့ အီဂျစ်လူမျိုးတွေရဲ့ ပုတီးစေ့လက်ဝတ်ရတနာတွေဟာ နှစ်ပေါင်း ၅၀၀၀ ထက်မနည်း ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ အာကာသကနေ ကမ္ဘာမြေပေါ်ကျရောက်လာခဲ့ခြင်း ဖြစ်တယ်လို့ ယူဆနိုင်ပြီး သံဓါတ်ပါတဲ့ ဥက္ကာခဲများဖြစ်နိုင်တယ်လို့ လေ့လာတွေ့ရှိချက် အသစ်များက ဆိုပါတယ်။ အဲဒီပုတီးစေ့တွေဟာ ရှေးအကျဆုံး သံထည်ပစ္စည်းတွေဖြစ်ပြီး အီဂျစ်သံထည် လက်မှုပညာ ထွန်းကားချိန်ထက် နှစ်ပေါင်း ၂၀၀၀ လောက်စောပါတယ်။

          လွန်ခဲ့တဲ့နှစ်ပေါင်း (၁၀၀)လောက်ကစပြီး ပုတီးစေ့တွေဟာ ထူးဆန်းတဲ့ဆွဲဆောင်မှု တစ်မျိုးပေးတယ်လို့ လက်ခံထားကြပါတယ်။ စကြာဝဠာထဲက သတ္တုတစ်မျိုးဖြစ်တယ်လို့ ဘာကြောင့်ပြောတာလဲ မေးစရာရှိပါတယ်။ နျူထရွန်နဲ့ ဂမ်မာရောင်ခြည်တန်းတွေကို ဖြတ်ပြီး စစ်ဆေးကြည့်တဲ့အခါမှာ ကိုဗော့သတ္တုပါဝင်မှုပမာဏများနေတာတွေ့ရပြီး ဖော့စဖါးရပ် ပါဝင်မှုနှုန်း ကိုလဲတွေ့ရပါတယ်။ ဒီဒြပ်စင်တွေဟာ ဥက္ကာခဲတွေမှာသာ ပါဝင်လေ့ရှိတာကိုလဲ သိရပါတယ်။

          ဒါကိုသံသယမရှိတော့ဘူးဆိုရင် တကယ့်မေးခွန်းအစစ်က အဲဒါကို သူတို့ဘယ်လို လုပ်ထားလဲဆိုတာပါပဲ။ ပျော့ပျောင်းပြီး ကွေးရ ညွတ်ရလွယ်တဲ့ ရွှေလို၊ ကြေးလို သတ္တုမျိုးနဲ့ မတူတာကြောင့် ပန်းပဲသမလားလို အတတ်ပညာမျိုးတတ်ထားဖို့လိုပါတယ်။ သံကို အနီရောင်ဖြစ်တဲ့အထိ အပူချိန်အမြင့်ကြီးပေးပြီး လိုသလိုပုံသွင်းဖို့လိုပါတယ်။ ဒီလို လုပ်တတ်ဖို့ဆိုတာကလဲ ကျွန်တော်တို့သိရလောက်က ပန်းပဲအတတ်ပညာဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ လောက်ကမှ ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ဒီပုတီးစေ့လက်ဝတ်တွေ တွေ့ရတဲ့ နှစ်ပေါင်း ၅၀၀၀ လောက်ကမဟုတ်ပါဘူး။

          သိပံပညာရှင်တွေကတော့ အီဂျစ်တွေဟာ ဒီသံသတ္တုအခဲတွေကို အပူပေးပြီး ပါးလွှာတဲ့အဆင့်ထိရောက်အောင် ထုနှက်ခဲ့ပါလိမ့်မယ်။ ပြီးတော့ သစ်သားချောင်းပေါ်မှာ ပတ်လိုက်ပြီး ၂ စင်တီမီတာစီလောက် ရှည်လျားတဲ့ အချောင်းလေး တွေရအောင် ပြန်ဖြတ်ပစ်လိုက်တဲ့အခါ ပြွန်ချောင်းပုံစံ ပုတီးစေ့လေးတွေရလာတာ ဖြစ်လိမ့်မယ်လို့ ထင်မြင်ချက်ပေးခဲ့ပါတယ်။

Ref:livescience

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.