ကာလီဖိုးနီးယား metalcore အဖွဲ့ Of Mice & Men ဟာသူတို့ရဲ့ တတိယအကြိမ်မြောက် album ရဲ့နာမည်နဲ့ ထုတ်မဲ့နေ့ကိုကြေညာခဲ့ပါတယ်။ “Restoring Force” album ကို ဇန်န၀ါရီလ ၂၈ရက်နေ့မှာ Rise Records ကဖြန့်ချီမှာဖြစ်ပါတယ်။
ဒီ alubm ကို နယူးဂျာစီ ပြည်နယ်မှာရှိတဲ့ House of Loud စတူဒီယိုမှာအသံသွင်းခဲ့ပြီး Papa Roach နဲ့ Breaking Benjamin တို့ရဲ့ producer David Bendeth ကထုတ်လုပ်ပေးခဲ့တာပါ။
“သဘာဝဘေးတွေကြုံတွေ့ပြီးတဲ့အခါဘာတွေဖြစ်လာမှာလဲ။ ရေလွှမ်းမိုးမှုတွေဖြစ်ပြီးတဲ့အခါ ဘာတွေဖြစ်လာမှာလဲ။ ခင်ဗျားပုံမှန်အခြေအနေကိုပြန်သွားရမှာမဟုတ်လား။ ဟန်ချက်ပြန်ထိန်းရမှာပဲလေ။ ဒါဒီအခွေလုပ်ရတာနဲ့ပါတ်သတ်ပြီး ကျွန်တော်တို့ရဲ့ခံစားချက်ပါ” လို့ အဆိုတော် Austin Carlile ကပြောပါတယ်။
“ဒီအခွေက ကျွန်တော်တို့ဝိုင်းဆီကို ညီမျှချင်းတစ်ခု ပြန်လည်သည်ဆောင်နိုင်ဖို့ ကျွန်တော်တို့အလိုရှိခဲ့ပါတယ်။ ကျွန်တော်တို့ဒီအခြေအနေမှာ ရပ်တည်နေတယ်ဆိုတာ အားလုံးကိုပေးသိမှာပါ။ ကျွန်တော်တို့ ခွန်အားတွေပြန်လည်ရယူနေကြပြီ” လို့ပြောပါတယ်။
သူတို့အဖွဲ့ရဲ့ ၂၀၁၁ ကထုတ်ခဲ့တဲ့ ‘The Flood’ အခွေဟာ Billboard ရဲ့ Heatseeker ဇယားမှာ နံပါတ် ၁ ချိတ်ခဲ့ပြီး Billboard 200 tally မှာ နံပါတ် ၂၈ ချိတ်ခဲ့ပါတယ်။
အခုအချိန်မှာတော့ Of Mice a Men ဟာ Bring Me the Horizon နဲ့အတူ ‘The American Dream’ အမည်ရတဲ့ နယ်လှည့်ဖျော်ဖြေမှုကို ပြုလုပ်နေတာဖြစ်ပါတယ်။
Ref:loudwire