ပေါင်မုန့် ၂ချပ်ကို တစ်ပြိုင်တည်းကင်လို့ရတဲ့ ပေါင်မုန့်မီးကင်စက် လိုပေါ့။ The Foaster လို့ခေါ်တဲ့ အားသွင်းစက်ဟာ ပေါင်မုန့်မီးကင်စက် ပုံသဏ္ဍာန်ရှိပြီး iPhone ၂လုံးကို တစ်ပြိုင်တည်း အားသွင်းနိုင်ပါတယ်။ The Forsterကိုထုတ်လုပ်ဖို့ Kickstarter မှာ ရံပုံငွေရှာနေဆဲဖြစ်ပါတယ်။ Kickstarter ဟာ ၀ဘ်ဆိုဒ်တစ်ခုဖြစ်ပြီး တီထွင်ဖန်တီးမှုလုပ်ငန်းစဉ်တွေအတွက် ရည်ရွယ်ဖွင့်လှစ်ထားတာလို့ သိရပါတယ်။ ဖုန်း၂လုံးအားသွင်းရင်ဖြစ်နေကျ ကြိုးရှုပ်တာမျိုးကိုလည်း မဖြစ်စေတော့ပါဘူး။ iPhone 5,5s နဲ့ 5c တို့နဲ့ ကိုက်ညီမှုရှိအောင် ထုတ်ထားပါတယ်။ အားသွင်းနေတုန်း notification တက်လာရင်လည်း လုံလောက်တဲ့ အမြင့်တစ်နေရာကနေ ပြသပေးမှာပါ။
The Foasterကိုထုတ်လုပ်ဖို့ စီမံကိန်းကို ထောက်ခံပေးမယ့် သူတွေထဲကမှ ဦးဆုံးလူ၃၀၀ဟာ ကန်ဒေါ်လာ ၇၉ (၁၀ဒေါ်လာလျော့) နဲ့ စိတ်ကြိုက်အရောင်ကို မှာယူနိုင်မှာဖြစ်ပါတယ်။
Ref:Yahoo!