ပရိသတ်တွေအတွက် အဒဲလ်ရဲ့ စာတစ်စောင်

adele-5804cd28-6f5b-4bf8-a87e-f2c48705d77b.jpg

 အဒဲလ်ဟာ ၂၉နှစ်အရွယ်ရှိပြီး ဂရမ်မီဆုတွေအများကြီးရထားတဲ့အောင်မြင်တဲ့အဆိုတော်တစ်ယောက်ပါ။အဒဲလ်က သူမရဲ့အင်စတာဂရမ်မှာ သူမကိုယ်တိုင်ရေးထားတဲ့စာတစ်စောင်ကိုတင်ခဲ့ပါတယ်။အဲ့ဒီစာမှာတော့ သူမက “၁၈လအတွင်း နယ်လှည့်ဖျော်ဖြေပွဲ ၂၅ ခု လုပ်ဖို့ရှိနေတာ အခု ၁၅ လဖျော်ဖြေပြီးသွားပါပြီ။နောက်ထပ်သုံးလပြီးသွားရင်တော့ ဖျော်ဖြေပွဲတွေလုပ်ဖို့အစီအစဉ်မရှိတော့ပါဘူး။ခရီးသွားတာဟာအရမ်းကိုကောင်းမွန်ထူးခြားတဲ့အရာတစ်ခုပါ။ဒါပေမဲ့သူမလိုအိမ်မှာနေရတာကြိုက်တဲ့သူတစ်ယောက်အတွက်တော့ အဆင်မပြေပါဘူးတဲ့။သူမကပရိသတ်တွေအမြဲတမ်းပျော်စေဖို့ စဉ်းစားပေးပြီးဖျော်ဖြေပွဲတွေအများကြီးလုပ်ခဲ့ပါတယ်။ပြီးတော့ သူမက နောက်ဆုံးဖျော်ဖြေမှုကို လန်ဒန်မှာပဲလုပ်ချင်ခဲ့ပါတယ်။ဘာလို့လဲတော့မသိပါဘူးတဲ့။ပြီးတော့ အဒဲလ်က သူမရဲ့နောက်ဆုံးအချိန်တွေကို အိမ်မှာပဲဖြတ်သန်းချင်တယ်လို့ရေးခဲ့ပါတယ်။ ဖျော်ဖြေပွဲတွေမှာပရိသတ်တွေကို မမြင်တွေ့ရတော့ပေမဲ့ သူမဘ၀တစ်လျှောက်လုံးမှာ အဲ့ဒီအကြောင်းတွေကိုအမြဲတမ်းသတိရသွားမှာပါ”လို့ ရေးသားခဲ့ပါတယ်။အဒဲလ်က ၂၈ရက်နေ့က လန်ဒန်မြို့ ဂရမ်ဖဲတာဝါမီးလောင်မှုအတွက် ဖျော်ဖြေပွဲလုပ်နေတုန်းမှာပဲ သူမရဲ့ပရိသတ်တွေကို “သီချင်းတွေကိုတော့အမြဲတမ်းရေးသွားမှာပါ”လို့ပြောခဲ့ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.