Manzoni မိသားစုဟာ New York မြို့၊ Brooklyn အရပ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Mafia အဖွဲ့အစည်းတစ်ခုပါ။ Giovanni Mazoni (Robert De Niro) ဟာ သူရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဖေါ်ကောင်လုပ်မိတဲ့အတွက် FBI အရာရှိ Stansfield (Tomy Lee Jones) ကြီးကြပ်တဲ့ သက်သေခံကာကွယ်ရေး အစီအစဉ်နဲ့ ပြင်သစ်နိုင်ငံ Normandy အရပ်ကိုမိသားစုနဲ့အတူ ပြောင်းရွေ့ခဲ့ရပါတယ်။ နယ်မြေသစ်မှာ မိသားစုအခြေချရင်း သူတို့မိသားစုဝင်တွေရဲ့ ဆိုးသွမ်းပြီး ဖျောက်ရခက်တဲ့ အမူအကျင့်တွေကြောင့် အခက်အခဲတွေ ကြုံရပုံကို ဟာသဆန်ဆန် တင်ပြထားပါတယ်။ အတိတ်က ပြသာနာတွေကြောင့် အကြောက်တရားနဲ့နေနေရင်း မိသားစုကိုရန်ရှာဖို့လာတဲ့ လူဆိုးဂိုဏ်းတွေ ရန်ကိုကာကွယ်တဲ့ ခပ်ကြမ်းကြမ်း ဇာတ်ဝင်ခန်းတွေလည်း ပါဝင်ပါတယ်။
နောက်ဆုံး မိသားစု လုံခြုံသွားတော့မှ သက်ပြင်းချနိုင်ခဲ့တဲ့ Giovanni တစ်ယောက် သူ့ရဲ့မိသားစုအဖြစ်ကို ပျော်ပျော်ရွင်ရွင်နဲ့ ပြန်ပြောပြနိုင်ခဲ့ပါတယ်။ ဒါရိုက်တာကတော့ Luc Besson ဖြစ်ပြီး Giovanni Manzoni အဖြစ် Robert De Niro၊ သူ့မိန်းမ Maggie Blake အဖြစ် Michelle Pfeiffer၊ သားဖြစ်သူ Warren Blake နေရာမှာ John D’Leo၊ သမီး Belle Blake အဖြစ် Dianna Agron နဲ့ FBI agent Robert Stansfield အဖြစ် Tommy Lee Jones တို့က အသီးသီး သရုပ်ဆောင်ထားပါတယ်။
(Wikipedia, IMDB, Rolling stone magazine)