ဆရာဝန် ၊ သရုပ်ဆောင် ၊ မော်ဒယ်အပြင် ဂီတနဲ့ပတ်သတ်လို့သီချင်းတွေပါဆိုရင်း အခွေပါထုတ်လာတဲ့ နန်းမြတ်ဖြိုးသင်း ဆိုတဲ့ကောင်မလေးကို အားလုံးသိပြီးဖြစ်မှာပါ။ သူမရဲ့ အနုပညာအပေါ် စိတ်ခံစားချက်ပြင်းပြင်းကို တို့ထိကြည့်မိတဲ့အခါ ‘နန်းမြတ် တနေ့က ကိုနေဒွေးနဲ့ ကားလေးတစ်ကားပြီးသွားပါတယ်။ အဲဒါက တစ်ရွာလုံးလူမိုက်ဆိုတဲ့ ကားလေးပါ။ ပြီးရင် နန်းမြတ်ကိုညိုမင်းလွင်နဲ့ တစ်ကားစရိုက်ပါမယ်။ အဲဒါက နန်းမြတ်တို့စင်ကာပူမှာရိုက်ခဲ့တဲ့ ကားလက်ကျန်လေးပေါ့။နန်းမြတ်ကို လာငှားတဲ့ ကားတွေကတော့ ကာရိုက်တာ စုံတယ် လို့ပြောရမယ်။ ဂျစ်ကန်ကန်ပုံစံလေးတွေ၊ ရိုးရိုးအေးအေး ပုံလေးတွေ၊ ဆရာဝန်ပုံလေးတွေ အစုံပဲပေါ့။ နန်းမြတ်နဲ့အံဝင်ခွင်ကျဖြစ်သလို အပြင်က ကာရိုက်တာနဲ့တူတဲ့ပုံစံလေးတွေပဲ နန်းမြတ်ကို လာငှားကြတယ်။ နန်းမြတ်ကတော့ ဘာနဲ့လိုက်လဲဆိုတာ သိပ်မပြောတတ်ဘူး။ လာငှားတဲ့ ကာရိုက်တာကို အတတ်နိုင်ဆုံးတူအောင် ကြိုးစားပါတယ်’လို့ သူမက ပြောပါတယ်။
ဂီတနဲ့ပတ်သတ်လို့ သူမတို့အခွေရဲ့ အောင်မြင်မှုကိုလဲ ‘နန်းမြတ်တို့အခွေလေးက TOP TEN 5 ၀င်တယ်ဆိုတော့ အတိုင်းမသိကို ၀မ်းသာပါတယ်။ အများကြီးကြိုးစားထားတဲ့အတိုင်း အရာထင်တဲ့အတွက် ကျေနပ်မိပါတယ်။ နန်းမြတ်တို့ကို အားပေးကြတဲ့ ပရိသတ်တွေက ဆယ်ကျော်သက်တွေများတယ်ဆိုတော့ သူတို့အတွက်ရည်ရွယ်ပြီး ထုတ်ထားတဲ့အတွက် ကိုယ့်အကြိုက်နဲ့ပရိသတ်အကြိုက် ထပ်တူညီတယ်လို့ပြောရမလားပဲ။ အခွေနဲ့ပတ်သတ်တဲ့ အမ်တီဗီကတော့ မေးနေကြတယ်။ ဘယ်တော့ထွက်မလဲ။ ကောင်းအောင်လုပ်နော်ဆိုပြီးတော့ပေါ့။ အဲဒီအတွက်ပိုပြီးတော့လဲ တာဝန်ကြီးတယ်။ သေချာလေး ဂရုစိုက်ပြီး လုပ်ဖြစ်မှာပါ။ အနုပညာ နှစ်ခုလုံးမှာတော့ နန်းမြတ်ညီညီမျှမျှနဲ့လုပ်နေပါတယ်။ ဒီအလုပ်ကို ရွေးလုပ်ခဲ့တဲ့အတွက် ဆရာဝန်လိုင်စင်လဲ မရဘူးဆိုတော့ အနုပညာအလုပ်ကိုပဲ အကောင်းဆုံးကြိုးစားသွားမှာပါ။’လို့ သူမကပြောပါတယ်။
Photo – Hak Photography