သက်သတ်လွှတ်သမားဖြစ်နေရခြင်းက မေးခွန်းတွေ မကြာခဏ ထုတ်မေးစေပါတယ်။ ပရိုတိန်းဓာတ် ဘယ်လိုရရှိမလဲ။ သံဓာတ်ကို ဘယ်လိုရမလဲ။ တစ်ချိန်လုံး အားအင်ကုန်ခန်းမနေဘူးလားစသဖြင့်ပေါ့။ အမြဲတမ်းတော့ အဲဒီလိုမဟုတ်ပါဘူး။ အသားမစားဘဲ မိမိနေ့စဉ်အစားအစာထဲ မရှိမဖြစ်အာဟာရဓာတ်တွေ ရရှိဖို့ လုံလောက်တဲ့နည်းလမ်းတွေ ရှိပါတယ်။ တကယ်တော့ အသားထက် သံဓာတ်ပိုကြွယ်ဝတဲ့ သက်သတ်လွတ်အစားအစာတွေ ရှိပါတယ်။
၁။ ဟင်းနုနွယ်
ဟင်းနုနွယ်မှာ အာဟာရဓာတ်သိပ်သည်းစွာပါဝင်ရုံမက အရသာရှိပြီး ဘက်စုံအကျိုးပြုပါတယ်။ ဟင်းနုနွယ်သုံးခွက်သုံးဆောင်ပါက သံဓာတ် ၁၈ မီလီဂရမ် ရရှိပါလိမ့်မယ်။
၂။ ပဲပုပ်
ပဲပုပ်မှာ သံဓာတ်နဲ့ အသားဓာတ် မယုံနိုင်ဖွယ်ကြွယ်ဝပါတယ်။ ပဲပုပ်တစ်ခွက်တည်းမှာ သံဓာတ် ၃.၅ မီလီဂရမ်ပမာဏအပြင် ပရိုတိန်းဓာတ် ၁၄ဂရမ် ပါရှိပါတယ်။
၃။ ဗိုလ်စားပဲ
သူက အာဟာရဓာတ်စုစည်းတည်ရှိရာနေရာတစ်ခု ဖြစ်ပါတယ်။ ဗိုလ်စားပဲဟင်းတစ်ခွက်မှာ သံဓာတ် ၄မီလီဂရမ်ပါဝင်ရုံမက ပရိုတိန်းဓာတ် ၁တန်လည်း ပါရှိပါတယ်။
၎။ သီဟိုဠ်သရက်စေ့
ဒီအစေ့တွေမှာ ၁/၄ ခွက်မှာတင် သံဓာတ် ၂မီလီဂရမ်ပါရှိပါတယ်။
၅။ ပဲနီကလေး
ပဲနီကလေးဟင်းတစ်ခွက်မှာ သံဓာတ် ၇မီလီဂရမ်ပါဝင်ပါတယ်။ ၁ တန်ပေါ့။ ဒီတော့ များများစားပေးတဲ့အခါ အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါတယ်။
၆။ အာလူးဖုတ်
အာလူးဖုတ်တစ်လုံးမှာ သံဓာတ် ၃.၂မီလီဂရမ် ပါရှိပါတယ်။ ဟင်းနုနွယ်တချို့၊ ပန်းဂေါ်ပီစိမ်းနဲ့ ဒိန်ခဲအနည်းငယ် ပေါင်းထည့်ပြီး ပြင်ဆင်သုံးဆောင်နိုင်ပါတယ်။
၇။ ချောကလက်
အကောင်းစာချောကလက် ၁အောင်စက သံဓာတ်ပမာဏ ၂နဲ့ ၃ မီလီဂရမ်ကြား ပါရှိနိုင်ပါတယ်။
Ref: simplemost