အင်္ဂလန်ပရီးမီးယားလိဂ်မှာ တိုက်စစ်အစွမ်းအထက်ဆုံးဖြစ်နေတဲ့ မန်စီးတီးဟာ ပြီးခဲ့တဲ့တစ်ပတ်ကဆိုရင် လည်း တော့တင်ဟမ်လိုအသင်းမျိုးကို ဂိုးဒါဇင်ဝက်အထိ သွင်းပြခဲ့တဲ့အသင်းဖြစ်ပါတယ်။ အဂွဲရိုးနဲ့ နက်ဂရီ ဒိုတို့လို ပုံမှန်ဂိုးသွင်းနိုင်တဲ့ တိုက်စစ်မှူးတွေရှိပါလျက်နဲ့ အဲဗာတန်က တိုနီ ဒက်ဂန်ဆိုတဲ့ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးတစ်ယောက်ကို ၀ယ်ယူလိုက်ပါပြီတဲ့။ အသက်(၂၂)နှစ်အရွယ်သာရှိသေးပြီး ပြီးခဲ့တဲ့နှစ်မှ အဲဗာတန်အတွက်(၁၃)ဂိုးသွင်းပေး ခဲ့ကာ အဆင့်(၅)နေရာမှာ ရပ်တည်နိုင်အောင်လို့ ကူညီပေးခဲ့ကာ စက်တင်ဘာလအတွင်းက တူရကီနဲ့ကစား ခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဟတ်ထရစ်ရတဲ့အထိ ခြေစွမ်းထက်မြက်သူပါ တဲ့။
“ မန်စီးတီးရဲ့ အမျိုးသမီးစူပါလိဂ်ဘောလုံးပွဲစဉ်အပေါ် အလေးထားပုံတွေက အံ့အားသင့်စရာပါပဲ။ မန်စီးတီး ကိုပြောင်းခွင့်ရခဲ့တဲ့အတွက် ၀မ်းသာမိသလို အမှန်အတိုင်းပြောရရင် ခက်ခဲမှုတွေကို ကျော်ဖြတ်ခဲ့ရပါတယ်။ ကျွန်မက အဲဗာတန်မှာ ငယ်ငယ်တည်းက ကစားလာခဲ့တာပါ။ ဒါပေမယ့်လည်း စိန်ခေါ်မှုအသစ်တွေကိုရင် ဆိုင်ပြီး ပိုကောင်းတဲ့ကစားသမားဖြစ်လာဖို့ကလ်ည်း ရှိသေးတယ်မလား”လို့ အင်္ဂလန်အမျိုးသမီးလက်ရွေးစင် တိုက်စစ်မှူး တိုနီဒက်ဂန်က ပြောခဲ့ပါတယ်။