Brad Pitt ကိုသူ့နေရာမှာ ဇာတ်ကောင်အဖြစ်သရုပ်ဆောင်စေချင်တဲ့ David Beckham

beckham.jpg

David Beckham ဟာ သူ့ရဲ့ဘ၀အကြောင်းရိုက်တဲ့ရုပ်ရှင်ဇာတ်ကားအတွက် Brad Pitt ကိုသူ့နေရာမှာ သရုပ်ဆောင်စေလိုပါတယ်။

အနားယူလိုက်ပြီဖြစ်တဲ့ ဘောလုံးကြယ်ပွင့် David ဟာ ဟောလိဝုဒ်မင်းသားချော Brad ရဲ့ပရိတ်သတ်တစ်ယောက်ဖြစ်ပြီး သူ့အကြောင်းကိုသာ ရုပ်ရှင်ရိုက်ဖြစ်မယ်ဆိုရင် အသက် ၄၉နှစ်ရှိပြီဖြစ်တဲ့ Brad Pitt ကဒီဇာတ်ကောင်အတွက် ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပါလိမ့်မယ်လို့ ယူဆနေတာ ဖြစ်ပါတယ်။

“Brad ကတော့သိသာထင်ရှားတဲ့ရွေးချယ်ဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။ ကျွန်တော့်နေရာသရုပ်ဆောင်ဖို့ Brad ကိုကျွန်တော်ကြိုက်တယ်။ သူဒါမှမဟုတ် Leonardo Dicaprio ပေါ့။ သူတို့နှစ်ယောက်ထဲကတစ်ယောက်ဖြစ်မှာပါ။ ဒါမှမဟုတ်သေးရင်လဲ Bradley Cooper ပေါ့။ သူတို့က ကြည့်ရဆိုးတဲ့သူတွေတော့မဟုတ်ပါဘူး” လို့ Talksport ရေဒီယိုနဲ့စကားပြောတုန်း David ကနောက်ပြောင်ပါတယ်။

အသက် ၃၈နှစ်ရှိပြီဖြစ်တဲ့ David ဟာ မေလထဲမှာ ကြေးစားဘောလုံးသမားဘ၀က အနားယူခဲ့တာဖြစ်ပြီး ဇနီးနဲ့သားသမီးတွေရဲ့အားပေးမှုကြောင့် ကိုယ်လက်လှုပ်ရှားမှုတွေပြန်လုပ်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ကိုယ်ကာယလှုပ်ရှားမှုနည်းနည်းတောင်မလုပ်ဖြစ်တဲ့ ကာလ ၄ လတောင်ရှိခဲ့ပါတယ်။ နောက်မှာ ကျွန်တော်စပြီးလုပ်ဖြစ်တာပါ။ ကျွန်တော့်ကလေးတွေနောက်ကိုလျှောက်လိုက်နေတော့တာပဲ” လို့ပြောပါတယ်။

“Victoria ကကျွန်တော့်ခါးမှာ တာယာကွင်းတွေပါတ်ထားဖို့ မျှော်လင့်နေတာလို့ ကျွန်တော်ထင်တာ ဒါပေမယ့် ကျေးဇူးတင်စရာကောင်းတာက အဲဒီ့ကိစ္စဖြစ်မလာပါဘူး” လို့ David ကအရွှန်းဖောက်ပါတယ်။

အခု David တစ်ယောက် အာရုံစိုက်လို့ရတဲ့ လှုပ်ရှားမှုတစ်ခုကတော့ အိမ်မှုကိစ္စတွေကို ကိုယ်တိုင်လုပ်တဲ့စနစ် DIY ဖြစ်ပါတယ်။ သူတို့လင်မယားဟာ မကြာသေးခင်က ပေါင်သန်း ၄၀နဲ့ဝယ်ယူထားတဲ့ အနောက်လန်ဒန်က အိမ်ကို ပြန်ပြင်ဖို့အတွက် ပေါင် ၅သန်းအသုံးပြုမှာဖြစ်ပါတယ်။ အဲဒီ့မွမ်းမံမှုထဲမှာ Victoria ရဲ့ ဖိနပ်ထားဖို့အခန်းနှစ်ခန်းပါဝင်မှာဖြစ်ပြီး ရေချိုးခန်းအကုန်လုံးကို ရေစိုခံ plasma TV တွေနဲ့တန်ဆာဆင်မှာဖြစ်ပါတယ်။

Ref:starpulse

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.