ပရိသတ်ချစ်တဲ့ အနုပညာရှင် မြင့်မြတ်ကတော့ အကယ်ဒမီအတွက် ၀တ်စုံကအစ အားလုံးပြင်ဆင်ပြီးပြီလို့ သိရပါတယ်။ ဒါ့ကြောင့် အကယ်ဒမီပွဲတက်အတွက်သာ မက သူ့ရဲ့ ဖက်ရှင်အကြောင်းလေးကို မေးကြည့်ဖြစ်တဲ့အခါ ‘အကယ်ဒမီဆိုတာကတော့ တစ်နှစ်တစ်ခါ နှစ်တိုင်းလုပ်နေကြပွဲလေးပါပဲ။ ဒီနှစ်ကတော့ ပိုပြီးခမ်းနားမယ်လို့ထင်ပါတယ်။ ၀တ်စုံကို ၀ါရွှေစင်က စပွန်ဆာပေးတာပါ။ အရောင်က ရွေးပြီးသွားပြီ။ ပြောလို့ရလားဆိုတော့ ပြောပြလို့မရဘူး။ ကျွန်တော်ရွေးထားတာက ကြားရောင်ကြီးဖြစ်နေလို့ပါ။ ဖက်ရှင်ကတော့ ကိုယ်နဲ့လိုက်တာ ၀တ်ရင်လှမယ်။ မလိုက်တာဝတ်ရင်ရုပ်ဆိုးမယ်။ အစ်ကိုလဲ ဖက်ရှင်ဆို ထူးထူးခြားခြားကြီး မ၀တ်ဖြစ်ဘူး။ ကိုယ်နဲ့လိုက်တာလေးတွေပဲဝတ်တယ်။ ဒါပဲ။ ရိုးတာပေါ့နော်။
ဖက်ရှင်နဲ့ ပတ်သတ်ရင် ကိုယ့်ဟာကိုယ်ပဲစီစဉ်တယ်။ များသောအားဖြင့် မန္တလေးမှာ ၀ယ်တာများတယ်။ ၀ယ်နေကျရယ်လို့တော့မဟုတ်ဘူး။ နေရာစုံမှာ ၀ယ်ဖြစ်တယ်။ ကားရိုက်မဟုတ်တဲ့ အပြင်မှာဆိုရင်တော့ ပေါ့ပါးလွတ်လပ်ရင်ပြီးရော အကုန်ဝတ်တယ်။’ လို့ မြင့်မြတ်က ပြောပြသွားပါတယ်။