Kanye West ရဲ့ လုံခြုံရေးအတွက် လူမိုက်ငှားထားဖို့ အကြံပေးတဲ့ Chris Brown

chris brown advice kanye west.jpg

Kanye West ဟာ သတင်းထောက်တွေနဲ့ ကွိုင်တက်ပြီးတဲ့နောက်မှာ အလားတူပြဿနာမျိုးတွေ ထပ်မဖြစ်စေဖို့ Chris Brown က သူ့ရဲ့အတွေ့အကြုံကို အခြေခံပြီး အကြံပေးခဲ့ပါတယ်။ Kanye West ဟာ နံနက်(၄)နာရီလောက် သူ့အိမ်ရှေ့လာပြီး ကွိုင်ရှာခဲ့တဲ့ ဓါတ်ပုံသတင်းထောက်နဲ့ ထိုးကြ၊ကြိတ်ကြဖြစ်ပြီး တရားစွဲခံခဲ့ရပါတယ်။ ဒီပြဿနာကိုChris Brown အနေနဲ့ ဖြေရှင်းပေးဖို့ တခြားနည်းလမ်းလေးများ မရှိဘူးလားလို့ မေးခဲ့ပါတယ်။
‘ရှင်းပါတယ်။ အရေးမပါတဲ့ကောင်တွေကို ဖြေရှင်းဖို့အတွက် လမ်းပေါ်ကလူမဲတွေ ဒါမှမဟုတ် တခြားလုံခြုံရေးတွေကို ငှားထားလိုက်။ ဒါဆိုပြဿနာဖြစ်ရင် ကိုယ်တိုင်ဖြေရှင်းစရာ မလိုတော့ဘူးလို့Chris Brown က Twitter က တဆင့် Kanye West ကို အကြံပေးခဲ့ပါတယ်။

‘ကျွန်တော်တို့ကို ရန်လိုတဲ့တိရိစ္ဆာန်ကောင်တွေဖြစ်အောင် လုပ်တဲ့ မီဒီယာကို ကြည့်လို့မရပါဘူး။ လူတစ်ယောက်ရဲ့ ပိုင်ဆိုင်မှုကို လိုက်ဓါတ်ပုံရိုက်နေတဲ့ ကောင်တွေဟာ တကယ်တော့ ပိုင်နက်ကျူးလွန်နေကြတာပါပဲ။ အရေးမပါတာတွေက မမိုက်ဘူးလို့' Chris Brown က ထပ်ပြောပါတယ်။

Kanye West ဟာ ပါရီကိုထွက်ဖို့အတွက် သူပိုင်တဲ့ကားဂိုထောင်ထဲမှာ ရှိနေတုန်း ဓါတ်ပုံသတင်းထောက်တွေက သူနဲ့စကားပြောဖို့ ကြိုးစားခဲ့ကြပါသေးတယ်။ အဲ့ဒီ ဓါတ်ပုံသတင်းထောက်တွေကို တရားစွဲမယ်လို့လည်း Kanye Westက ပြောပါတယ်။
Kanye West ဟာ ဓါတ်ပုံသတင်းထောက်တွေကို ‘မင်းတို့ပါးစပ်တွေပိတ်ထားလိုက်။ အခုမနက်(၄)နာရီကွ။ မင်းတို့ကသွေးလိုက်စုပ်နေတဲ့ ခြင်ကောင်တွေ။ အနိုင်ကျင့်တဲ့ကောင်တွေ။ သွေးစုပ်အနိုင်ကျင့်တဲ့ ခြင်ကောင်တွေလို့ ပြောခဲ့ပါတယ်။ LAXလေဆိပ်မှာ ဓါတ်ပုံသတင်းထောက် တစ်ယောက်နဲ့ Kanye West  တို့ ထိုးကြကြိတ်ကြဖြစ်ပြီး ခြိမ်းခြောက်ရန်ပြုမှု၊ ကင်မရာခိုးမှု စတဲ့တရားစွဲထားမှုတွေကို Kanye West တစ်ယောက် ရင်ဆိုင်နေရတုန်းပါ။ ဒီ့အတွက်Kanye West ဟာ တတ်နိုင်သမျှ သတင်းထောက်တွေကို ပတ်ရှောင်နေရပါတယ်။

(Ref:thehollywoodgossip)

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.