မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ နီးလာပြီဆိုတော့ ခန့်စည်သူရဲ့ အကယ်ဒမီ ရင်ခုန်သံနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်ဖြစ်တဲ့အခါ ‘အစ်ကိုရဲ့ ဥရယ်၊ အမုန်းမီးတောက် ရယ်နှစ်ကားရှိတော့ ကိုယ်ရခဲ့သည်ဖြစ်စေ၊ မရခဲ့သည် ဖြစ်စေပါ။ အစ်ကိုကတော့ ရဖို့ထိုက်တန်တဲ့သူမှန်ရင် ဘယ်သူမဆို အားပေးဖို့အတွက် အကယ်ဒမီပွဲကို တက်ရောက်မှာပါ။ ဒီနှစ်အကယ်ဒမီကို မရသေးတဲ့ သူတွေကို ပိုပြီးရစေချင်ပါတယ်။ အကယ်ဒမီဆိုတာကတော့ ဟာသပဲဖြစ် ဖြစ်၊ဒရာမာပဲဖြစ်ဖြစ် သရုပ်ဆောင်တာ ထူးချွန်ရင်တော့ ပေးရမှာပေါ့။ မနှစ်က အကယ်ဒမီဆုပေးပွဲမှာ ကော်ပီဇာတ်ကားကို အကယ်ဒမီဆုပေးတာမျိုးတွေ တွေ့ခဲ့ရတယ်ဆိုပေမယ့် တကယ်ထူးချွန် တယ်ဆိုရင်တော့ ပေးရမှာပေါ့။’လို့ ခန့်စည်သူက ပြောပါတယ်။
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။