ဗြိတိန်ဘောလုံးလောကတာဝန်ရှိသူတွေဟာ လုပ်ပွဲများအကြား အိပ်ပျော်ရင်းလမ်းလျှောက်သလိုဖြစ်နေ တယ်လို့ ဝေဖန်လိုက်တဲ့ The Fixး Soccer Organized Crime စာရေးဆရာ

declan_hill.jpg

ယခုရက်ပိုင်းအတွင်း အင်္ဂလန်နိုင်ငံဘောလုံးပွဲများအတွင်း မသင်္ကာစရာကောင်းတဲ့ လောင်းကြေးထပ်မှုများ ကိုခြေရာခံလိုက်ရာကနေ ဗြိတိန်ရာဇ၀တ်မှုဖော်ထုတ်ရေးအေဂျင်စီဟာ ပတ်သက်ဆက်နွယ်သူ(၆)ဦးအထိ ဖမ်းဆီးထားနိုင်ပြီး အတိအကျမသိရသေးပေမယ့် ဘောလုံးသမားတွေလည်း ပါနိုင်တယ်လို့ ပြောနေကြပါ တယ်။ သူတို့ထဲက (၂)ဦးကို စွဲချက်တင်ထားနိုင်ပြီဖြစ်ပေမယ့် အရင်းအမြစ်တွေကို ဖော်ထုတ်နိုင်ဖို့ဆိုတာ ကတော့ အရမ်းကို အလှမ်းဝေးလွန်းနေပါတယ်။ ဒီိလိုဖြစ်နေတဲ့ အနေအထားအပေါ်မှာ ဘောလုံးပွဲများအ ကြား လုပ်ပွဲဖန်တီးမှုများအကြောင်းစာအုပ်ရေးသားခဲ့သူ ဒီကလန်ဟေးလ်ကနေ ဝေဖန်ပြောကြားလာခဲ့ပါပြီ။

“ ဗြိတန်ဘောလုံးလောက အာဏာပိုင်တွေဟာ လုပ်ပွဲဖန်တီးမှုတွေအကြားမှာ အိပ်ပျော်ရင်း ယောင်ပြီးလမ်း လျှောက်နေကြသလိုပါပဲ။ ဒီပြသနာတွေရှိနေတယ်ဆိုတာကို  သိနေခဲ့ကြတာ နှစ်တွေကြာခဲ့ပြီပဲဗျ။ အခုလို ဗြိတိန်မှုာ လုပ်ပွဲကစားမှုတွေရှိလာတာကို ကျွန်တော်ကတော့ လုံးဝမအံ့သြတော့ပါဘူး။ တစ်ကမ္ဘာလုံးအတိုင်း အတာဖြစ်နေတဲ့လှိုင်းက ဒီအထိရောက်လာမှာပဲ။ ဒါပေမယ့် အီတလီ၊ တူရကီနဲ့ အာရှနိုင်ငံတွေမှာလောက်မ ဆိုးဝါးသေးဘူး။ ဒီလိုအချိန်မှာ တစ်ခုခုပြောဖို့ခက်နေသေးတယ်။ အင်တာဗျူးတွေမှာလည်း ကြားနေရတာက လုပ်ပွဲဆိုတာ အပျော်တန်းလိဂ်တွေမှာသာရှိတာတဲ့။ ဒီပြသနာက တဖြည်းဖြည်း အပေါ်ကိုတက်လာပြီဗျ။ ဒီ လိုအချိန်မှာ အားကိုးအားထားပြုရမယ့်၊ ကာကွယ်မယ့်လုံခြုံရေးစနစ်မျိုးရှိကြသလားဆိုတော့ မူအားဖြင့်တော့ ရှိပါရဲ့။ လက်တွေ့ကျတော့မရှိဘူး။ အင်္ဂလန်က ဘောလုံးသမားတစ်ဦးဦးကို လုပ်ပွဲဖန်တီးမယ့်သူတွေ ကပ်လာ ပြီဆိုပါစို့။ ဘယ်သူ့ကိုဆက်သွယ်တိုင်ကြားရမလဲ။ အဲဒါတွေလည်း တိတိကျကျမရှိဘူး”ဆိုပြီး The Fixး Soccer Organized Crime စာအုပ်ကို ရေးသားခဲ့ဖူးတဲ့ ဒီကလန်ဟေးလ်က ဝေဖန်ခဲ့ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.