(၁) ဘေးခွဲခွဲပြီး နည်းတဲ့ဘက်အခြမ်းကို ငါးရိုးကျစ်နည်းနဲ့ သိမ်းပြီး နောက်ဘက်မှာ ပြန်ချထားလိုက်ပါ။ ရော့ခ်နဲ့ ပန့်စတိုင်မျိုးနဲ့ လိုက်ဖက်ပါတယ်။
(၂) ဆံပင်အရှည်နဲ့ ကိုယ့်ကိုယ်ကို ပုံတုံးနေတယ်လို့ ခံစားရတယ်ဆိုရင် အရှေ့ဆံပင်ကို မျက်ခုံးအောက်နားထိ အတိညှပ်လိုက်ပါ။ မျက်ခုံးအပေါ်ရောက်အောင် မတိုဖို့တော့ လိုပါတယ်။ ပြီးရင်တော့ ဘေးနှစ်ကဆံပင်အဖျားလေးတွေကို ကောက်ပြီး ဖြန့်ချထားလိုက်ပါ။
(၃) ဆံပင်ကို သပ်ရပ်စွာဖြီးပြီး အလယ်ခွဲကာ ပိုနီတေးစည်းခြင်းက ဘယ်တော့မှ မမှားတဲ့နည်းလမ်းပါ။ အရင်ဆုံးဆံပင်ကို ခွဲကြောင်းညီအောင်ခွဲပြီး ဘရပ်ရှ်ဘီးအမျိုး အစားမျိုးနဲ့ သပ်ရပ်အောင်ဖြီးပါ။ သားရေးကြိုးနဲ့ တင်းတင်း စည်းပါ။ အစအနထွက်နေ ခဲ့ရင် စပေရေးဖြန်းပြီး သပ်ရပ်အောင်လုပ်ပါ။
(၄) ဗစ်တိုးရီးယား စီခရက် ထုတ်ကုန်ရဲ့ မော်ဒယ်ဖြစ်တဲ့ Candice Swanepole ပွဲတက် စတိုင်ပါ။ ဘယ်ဘက်ကဆံပင်ကို ညာဘက်ကိုအကုန်သိမ်းလိုက်ပါ။ ပြီးရင် နှစ်ပိုင်းခွဲပြီး အရှေ့ဘက်အခြမ်းရဲ့ ညာဘက်ကို ကျစ်ဆံမြီးကျစ်လာပြီး အနောက်ဘက်ရောက်တဲ့အခါ အနောက်ကဆံပင်နဲ့ ပေါင်းပြီး တစောင်း စည်းလိုက်ပါ။
(၅) ဒါကတော့ အရောင်အဓိကပါ။ အလယ်ခွဲထားပြီး ကောက်ထားတဲ့ အောက်ပိုင်းကိုပဲ အရောင်ဆိုးထားတာပါ။
(၆) ဒါလဲ အလယ်ခွဲပါပဲ။ ဆံပင်အနည်းငယ်ကိုယူ၊ လိမ်ပြီး အနောက်ဘက်မှာ ကလစ် နဲ့ပြန်ညှပ်ထားတာပါ။
(၇) ခေါင်းစည်း accessories အဆန်းလေးကို ရိုးရိုးလေးပဲ အုပ်ထားတာပါ။ ဒါပေမယ့် ဒါကအမြင်ဆန်းစေပါတယ် ။ Nicole Richie ရဲ့ 1960 ခုနှစ်တွေတုန်းက ဖက်ရှင်ပါ။
Ref:cosmopolitan