မျက်တောင်တုတပ်နည်း

images.jpg

        ပွဲလမ်းသဘင်တစ်ခုခုသွားတော့မယ်ဆိုရင် မျက်ဝန်းတွေက အရေးကြီးပါတယ်။ စွဲမက်ဖွယ်ကောင်းတဲ့ မျက်ဝန်းတစ်စုံရဲ့ အဓိကလျှို့ဝှက်ချက် ကတော့ မျက်တောင်တွေပါပဲ။ အခုနောက်ပိုင်း မျက်တောင်တုတပ်တာတွေ တော်တော် လေးခေတ်စားလာပါတယ်။ မှန်ကန်တဲ့ မျက်တောင်တပ်နည်းရဖို့ အောက်ပါနည်းလေး တွေအတိုင်း လုပ်ကြည့်ပါ။

(၁)    မျက်တောင်တုကို ဘူးထဲကနေထုတ်၊ အရင်းကနေကိုင်၊ မျက်ခွံပေါ်တင်ပြီး တိုင်းလိုက်ပါ။ တိုင်းလိုက်တဲ့အခါ အရမ်းရှည်နေရင် လက်သည်းညှပ်တဲ့ ကပ်ကြေး အသေးလေးနဲ့လိုက်တိပေါး။ မျက်တောင်တွေကို အရမ်းစိတ်စိတ်တပ်လိုက်ရင် မျက်လုံး ကျဉ်းသွားစေနိုင်တာကို သတိပြုပါ။

(၂)    တကယ်လို့ မျက်တောင်တွေက အရမ်းထူလွန်းနေရင် ဇာဂနာနဲ့ အသေးစိတ် လိုက်နှုတ်ပေးပါ။ ပြီးရင် ကော်သုတ်လိုက်ပါ။

(၃)    မျက်လုံးမှိတ်လိုက်ပြီး ပင်ကိုယ်မျက်တောင်ရဲ့အပေါ်ဘက်အနီးဆုံးနေရာမှာ ကပ်လိုက်ပါ။

(၄)    ဒေါင့်နားတွေကိုလက်နဲ့ ခြောက်အောင် လိုက်ဖိပေးပါ။ ဒါဟာ မျက်တောင်ကို တဖြောင့်တည်းခြောက်သွားခြင်းက ကာကွယ်ပေးပြီး သဘာဝဆန်တဲ့ပုံစံကို ရစေပါတယ်။

(၅)    ကော်တွေအားလုံး ခြောက်သွားတဲ့အထိ မိနစ်အနည်းငယ်စောင့်ရပါမယ်။ ပြီးရင်တော့ ပင်ကိုယ်မျက်တောင်နဲ့ရောပြီး မျက်တောင်ကော့ဆေးသုံးပေးပါ။

(၆)    နောက်ဆုံးအနေနဲ့ မျက်တောင်တုအရင်းကလိုင်းကို ဖုံးသွားစေဖို့ အိုင်းလိုင်နာ အရည်နဲ့ဆွဲပြီး ဖုံးပေးပါ။

        ဒါဆိုရင်တော့ ပါတီတက်ဖို့ အဆင်သင့်ဖြစ်သွားပါပြီ။

Ref:OK

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.