ဘရာဇီးကမ္ဘာ့ဖလားကွင်းဆောက်လုပ်ရေးတစ်ခုအတွင်း ကရိန်းပြုတ်ကျပြီး (၂)ဦးသေဆုံးခဲ့ရ

screen_shot_2013-11-27_at_11.00.25_am.png

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အုပ်စုပွဲစဉ်(၄)ပွဲ၊ (၁၆)သင်းရှုံးထွက်အဆင့်(၁)ပွဲနှင့် ဆီမီးဖိုင်နယ်ပွဲစဉ်များကို
လက်ခံကျင်းပပေးမည့် ဆော်ပေါ်လိုမြို့ရှိ  IT Aquerao ကွင်းဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ကရိန်းကြီး တစ်ခုပြုတ်ကျခဲ့ရာ အမိုးပျက်ဆီးသွားခဲ့ကာ အလုပ်သမား(၂)ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။ အခင်း ဖြစ်ပွားခဲ့ချိန်မှာ အလုပ်သမားများနေ့လည်စာထမင်းထွက်စားနေကြချိန်ဖြစ်သောကြောင့်သာ အသေအ ပျောက်နည်းပါးခဲ့ရခြင်းဖြစ်ပြီးအလုပ်ချိန်တွင်သာဖြစ်ခဲ့ပါက အဆပေါင်းများစွာသေကြေပျက်ဆီးနိုင်ခဲ့သည်။  လာမည့်တစ်ပတ်အတွင်း ဆဲလ်ဗေဒေါ်မြို့တွင် ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်များခွဲတော့မည်ဖြစ်ပြီး ဖီဖာမှတာဝန် ရှိသူများနှင့် ခြေစစ်ပွဲအောင်(၃၁)နိုင်ငံမှ ကိုယ်စားလှယ်များလာရောက်တော့မည်အချိန်တွင်မှ ထိုသို့ဖြစ်ခဲ့ ခြင်းမှာ ဘရာဇီးလ်ကမ္ဘာ့ဖလားပြိုင်ပွဲအကြီးအတွက် နိမိတ်ဆိုးပေလောဟု ပြောဆိုနေကြသည်။

ထိုမတော်တဆမှုကြောင့် သေဆုံးခဲ့ရသည့်အလုပ်သမား(၂)ဦးအတွက် အလွန်ပင်ဝမ်းနည်းမိပါကြောင့် ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ်ဥက္ကဌဆပ်ဘလတ္တာက ပြောလာခဲ့သည်။ “ ဆော်ပေါ်လိုမြို့က ကိုရင်သီယန်ကလပ်အသင်း ပိုင်ကွင်းမှာ ဖြစ်သွားခဲ့တဲ့ မတော်တဆမှုကြောင့် သေဆုံးသွားခဲ့တဲ့ အလုပ်သမား(၂)ဦးအတွက် အရမ်းပဲ ၀မ်း နည်းမိပါတယ်။ ကျန်ရစ်သူမိသားစုများနဲ့အတူ ထပ်တူထပ်မျှပါပဲ” ဘလတ္တာကပြောခဲ့သည်။­

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.