တစ်ကိုယ်တော်အခွေမှာ လူငယ်ဆန်တဲ့သီချင်းပုံစံလေးတွေ ထည့်မယ်လို့ ဆိုလိုက်တဲ့ နန်းသူဇာ

1010287_4955133403903_1495119452_n.jpg

ချစ်စရာကောင်းတဲ့ဟန်ပန်၊ မျက်နှာထားနဲ့ ပရိသတ်တွေကို ဖမ်းစားထားတဲ့ နန်းသူဇာဆိုတဲ့ ကောင်မလေးဟာ ခုဆိုရင် မော်ဒယ်အနေနဲ့သာမက အဆိုတော်အဖြစ်နဲ့ပါ ပရိသတ်ရှေ့ကို ရောက်ရှိလာခဲ့ပါပြီ။ ဒါ့ကြောင့် သူမနဲ့ တွေ့ဆုံခိုက် ဂီတနဲ့ သရုပ်ဆောင် ဘယ်လိုမျှတအောင် ကြိုးစားပုံဖော်သွားမှာလဲဆိုတဲ့အကြောင်း မေးဖြစ်တဲ့အခါ ‘အခု မြန့်မာအသံက ရိုက်မဲ့ဇာတ်လမ်းတွဲမှာ ကိုဥာဏ်လင်းအောင်၊ ခိုင်သဇင်ယုဝါနဲ့အတူ ပါဝင်သရုပ်ဆောင်ဖို့ရှိပါတယ်။ သီချင်းခွေနဲ့ ပတ်သတ်ပြီးတော့လဲ MTVကို ပရိသတ်တွေက မေးနေကြပြီဆိုတော့ ရိုက်ဖို့အတွက် ကြိုးစားနေပါတယ်။ ဒါရိုက်တာတွေလိုက်ချိတ်ပြီး ဘယ်လိုပုံစံလေးတွေရိုက်မယ်ဆိုတာ တိုင်ပင်နေပါတယ်။ အခုနန်းသူဇာတို့ရဲ့ သီချင်းခွေလေးကလဲ ပတ္တမြားFMမှာ Top Ten5 ၀င်တယ်ဆိုတော့ အရမ်းလဲပျော်တယ်။ ၀မ်းလဲဝမ်းသာတယ်။ ပရိသတ်တွေအားပေးကြလို့ အခုလိုဖြစ်လာတဲ့အတွက် ပရိသတ်တွေကို အရမ်းပဲကျေးဇူးတင်ပါတယ်။ အခုလဲ နန်းသူဇာ တစ်ကိုယ်တော်အခွေအတွက် သီချင်းတွေရရင် ရသလိုစုနေပါတယ်။ တစ်ကိုယ်တော်ကိုတော့ အေးအေးဆေးဆေးပဲလုပ်မှာပါ။ သူငယ်ချင်းတွေကိုလဲ တစ်ကိုယ်တော်မှာ ပါပေးကြဖို့ အကူအညီတောင်းထားပါတယ်။ တစ်ကိုယ်တော်အခွေမှာ အခုနန်းမြတ်နဲ့ ထွက်ထားတဲ့အခွေနဲ့လဲ မတူအောင်၊ ကိုယ့်ကိုလဲ ပရိသတ်တွေမှတ်မိအောင် သီချင်းတွေကို လူငယ်ဆန်ဆန်လေးတွေ ထည့်မယ်လို့တော့ တွေးထားပါတယ်။’လို့ သူမက ပြောပါတယ်။

ဂီတလောကထဲကိုရောက်အောင် တွန်းအားပေးခဲ့တဲ့အရာတွေက ဘာများဖြစ်မလဲရယ်လို့ မေးကြည့်တဲ့အခါ သူမက ‘နန်းသူဇာက အခု မော်ဒယ်လ်နဲ့သရုပ်ဆောင်ဖက်မှာက ပရိသတ်လဲ အတော်အတန်သိနေပြီဆိုတော့ အဲဒီကနေ တစ်ဆင့် ဂီတဖက်ကလူတွေနဲ့လဲ သိကျွမ်းလာတယ်။ လုပ်ဖြစ်ဖို့အတွက် အခွင့်အလမ်းတွေ ပိုများလာတယ်ပေါ့နော်။ အခုအခွေမှာလဲ သူငယ်ချင်းတွေက အားပေးထားတဲ့အတွက် လုပ်ဖြစ်သွားတာပါ။’တဲ့။

ပရိသတ်က ကိုယ့်ကို မော်ဒယ်အနေနဲ့လက်ခံပြီးသားဆိုတော့ သီချင်းနဲ့ပတ်သတ်ပြီးတော့ ပရိသတ်လက်ခံအားပေးလာအောင် အစွမ်းကုန် ကြိုးစားပြီးလုပ်ဖြစ်သွားမယ်လို့ သူမက ပြောပါသေးတယ်။ ဒီအကြောင်းကို သူမက ‘ပရိသတ်တွေအနေနဲ့ကတော့ အခွေကို ၀ယ်ကြတာက ဒီ၂ယောက်ကို ချစ်လွန်းလို့ကို အခွေဝယ်မယ်ဆိုပြီး ဓာတ်ပုံအောက်မှာလာရေးသွားကြတယ်။ အဲဒီလို ပရိသတ်တွေရှိလို့လဲ အရှုံးအမြတ်ကို မကြည့်ဘဲအခွေကို ထုတ်ဖြစ်သွားတာပါ။ ပရိသတ်ကြီးအားလုံး နန်းသူဇာတို့အခွေနဲ့ပတ်သတ်တဲ့ အကြောင်းတွေကို ဝေဖန်အကြံပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခွေကိုအားပေးကြတဲ့ ဘယ်ပရိသတ်ကိုမဆို ကျေးဇူးတင်ပါတယ်။ MTVကိုလဲ အကောင်းဆုံးဖြစ်အောင် လုပ်သွားပါမယ်’တဲ့။

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.