အိပ်မက်ဆုံရာ season 6မှာ popular choiceဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တဲ့ လွန်းဇောင်းဟာ ခုနောက်ပိုင်းမှာ ပွဲတော်တော်များများမှာ သီဆိုဖျော်ဖြေလာတာ တွေ့ရတာမို့ သူနဲ့ တွေ့ဆုံခိုက် ခုလို မေးမြန်းကြည့်တဲ့အခါ ‘အခုလတ်တလောမှာ ပွဲတွေလိုက်ဆိုဖြစ်တယ်။ နောက်ပြီးအိပ်မက်ဆုံရာအဖွဲ့ က ၉ယောက်လုံးနဲ့ အခွေထုတ်ဖို့အတွက်စီစဉ်နေပါတယ်။ သေချာအားလုံးပြောပြီး၊ အစီအစဉ် စဆွဲတာမကြာသေးဘူး။ အခုတော့ သီချင်းတွေစစုနေပြီ။ ပွဲတွေလိုက်ဆိုဖြစ်တာတော့ နယ်တွေများတာပေါ့။ မန္တလေးတို့၊နေပြည်တော်တို့များတယ်။ နယ်ကပရိသတ်တွေကတော့ ပိုပြီးအားပေးကြတာပေါ့နော်။ ရှိုးမှာဆိုတာကတော့ ကိုယ်ပိုင်သီချင်းမရှိသေးတော့ သူများသီချင်းတွေပဲ ဆိုတာများတယ်။ Lလွန်းဝါတို့၊ဒီဖြိုးတို့သီချင်းတွေဆိုဖြစ်တယ်။တစ်ကိုယ်တော်အခွေတော့ ထွက်ဖို့အစီအစဉ်မရှိသေးဘူး။ လောလောဆယ် ရှိတဲ့ တစ်ပုဒ်၊ နှစ်ပုဒ်ကို အင်တာနက်ပေါ်တင်မယ်။’လို့ သူက ပြောပါတယ်။
၂၀၁၄ထဲမှာတော့ သီချင်းတွေပဲလုပ်ဖြစ်နေမှာလို့ ပြောတဲ့ လွန်ဇောင်းကို အတွဲခွေအတွက် မေးကြည့်တဲ့အခါ ‘အဖွဲ့လိုက်အခွေကိုတော့ ၂၀၁၄ထဲမှာထွက်နိုင်ဖို့အတွက် ကြိုးစားမယ်။ တစ်ယောက်ကို ၁ ပုဒ်နှုန်းနဲ့ အဖွဲ့လိုက်ပါမယ်။ ကျွန်တော့အသံက နုနုပျော့ပျော့လေးတွေနဲ့ လိုက်တော့ သီချင်းချိုချိုလေးတွေပဲ ရွေးဖြစ်မယ်။ ရော့ခ်မှာဆို Idiots ကို ကြိုက်တယ်။ ပေါ့ပ်မှာဆို ကောင်းကောင်းတို့Lလွန်းဝါတို့ကိုကြိုက်တယ်။ သရုပ်ဆောင်တာကိုလဲ ၀ါသနာပါပါတယ်။ MRTV4 Talents Centreနဲ့ ၂နှစ်စာချုပ်ချုပ်ထားပါတယ်။ အဲဒီမှာလဲ သရုပ်ဆောင်သင်တန်းတက်နေပါတယ်။ သူတို့နဲ့ဇာတ်လမ်းတိုလေးတွေရိုက်ဖြစ်မယ်ထင်တယ်။ ကျွန်တော့်ကို အားပေးနေတဲ့ ပရိသတ်ကြီးကိုတော့ ကျေးဇူးအများကြီးတင်ပါတယ။် ပရိသတ်တွေ အားပေးရကျိုးနပ်အောင် ကြိုးစားသွားပါမယ်’လို့လည်း လွန်းဇောင်းကက ပြောသွားပါသေးတယ်။