အသက်(၃၂)နှစ်ရှိလာပြီဖြစ်သလို လက်ရှိကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင်လည်း အဆင့်(၆)သို့ရောက်သွားခဲ့ သည့် ဆွစ်ဇာလန်တင်းနစ်သမား ရော်ဂျာဖက်ဒဲရားအား အနားယူသင့်နေပြီဟ ဝေဖန်အကြံပေးမှုများထွက်နေ ချိန်တွင် ယခင်က ကမ္ဘာ့အဆင့်တစ်နေရရခဲ့ဖူးသော ရိုမေးနီယားတစ်နစ်သမား အီလစ်နက်စတိစ်ကမူ ကွဲပြား ခြားနားသောအမြင်ကို ပြောလာခဲ့သည်။ ပြင်သစ်အိုးပင်းနှင့် အမေရိကန်အိုးပင်းတင်းနစ်ပြိုင်ပွဲများတွင် ဗိုလ်စွဲ ခဲ့ဖူးသည့် (၆၇)နှစ်ရှိနေပြီသော အီလစ်က “ အခုလိုမျိုး ဖက်ဒဲရားနားသင့်ပြီလို့ ပြောနေကြတာမျိုးတွေကို ကျွန် တော်မကြိုက်ပါဘူး။ သူ့စိတ်ထဲကစားချင်နေသေးသလောက်ကစားပစေပေါ့ဗျာ။ ကိုယ့်ရဲ့အမြင့်မားဆုံးသောအ ချိန်တွေကို ကျော်ဖြတ်သွားတာနဲ့ပဲ နားရမှားလား။ သဘောမတူဘူးဗျ။ ဖက်ဒဲရားက ဆက်ကစားဦးမယ်ဆိုရင် လည်း ဘယ်သူကမှ သူကစားတာမမြင်ချင်တော့ဘူးဆိုပြီး မပြောပါဘူး။ သူကိုယ်တိုင်နားသင့်ပြီလို့ဆုံးဖြတ်မှ သူ့ဘာသာသူနားပါစေ။ ကမ္ဘာ့အဆင့်တစ်မဖြစ်တော့တာနဲ့ပဲ နားဖို့မလိုပါဘူး။ ဒါကလူတိုင်းမှာဖြစ်နေတာပဲလေ။ အဆင့်(၁)နေရာမှာ ထာဝရမှနေလို့မရတာ။ တစ်နေ့နေ့တော့ သူနားမှာပေါ့”ဟု ပြောခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ပြောခဲ့သည့် အီလစ်မှာ (၃၉)နှစ်အရွယ်တွင် ပရော်ဖက်ရှင်နယ်ပြိုင်ပွဲများမှ အနားယူခဲ့ပြီးနောက် ပိုင်း (၆၀)ကျော်သည်အထိ ဖိတ်ခေါ်ပြိုင်ပွဲများ၌ ၀င်ရောက်ယှဉ်ပြိုင်သွားခဲ့သူဖြစ်သည်။