Taylor Swift, မင်းသား William တို့နဲ့အတူ ‘Livin’ On a Prayer” သီချင်းကိုသီဆိုခဲ့တဲ့ Bonjovi

bonjovi.jpg

80’s glam rock ဂီတရဲ့အောင်မြင်ခဲ့တဲ့အဆိုတော် Jon Bon Jovi ကြီးဟာပြီးခဲ့တဲ့ အင်္ဂါနေ့က အင်္ဂလန်နိုင်ငံမှာကျင်းပခဲ့တဲ့ ရန်ပုံငွေပွဲတစ်ပွဲမှာ အခြားအဆိုတော်တွေနဲ့အတူ သူ့ရဲ့အအောင်မြင်ဆုံးသီချင်းတစ်ပုဒ်ဖြစ်တဲ့ “Livin’ On a Prayer” ကိုသီဆိုဖျော်ဖြေခဲ့ပါတယ်။ အခြားအဆိုတော်တွေဆိုတာကတော့ Country နဲ့ pop အဆိုတော်မလေး Taylor Swift နဲ့ ဗြိတိန်ရဲ့တော်ဝင်မင်းသား William တို့ပဲဖြစ်ပါတယ်။

New Jersey သား Rocker ကြီးနဲ့ Taylor Swift တို့ဟာ Kensington နန်းတော်ရန်ပုံငွေပွဲကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။ အဲဒီ့ပွဲဟာ မင်းသား William အမြဲတမ်းထောက်ပံ့ဖြစ်တဲ့ လူငယ်အိမ်ခြေမဲ့တွေအတွက် လှုဒါန်းတဲ့ Centrepoint အဖွဲ့အစည်းအတွက်လုပ်တာဖြစ်ပါတယ်။ William ရဲ့မိခင်ဖြစ်သူ မင်းသမီးဟောင်း Diana ကလဲ ၉၀ပြည့်နှစ်အလွန်ကာလာတွေအတွင်းအဲဒီ့ Centrepoint အဖွဲ့အစည်းကိုထောက်ပံ့ခဲ့ပါတယ်။

အဲဒီ့ပွဲမှာ Bonjovi ဖျော်ဖြေနေတဲ့ စင်ပေါ်ကို Taylor Swift, မင်းသား William တို့အတူတက်လာပါတယ်။ ပြီးတော့သူတို့အတူ Bon Jovi ရဲ့ ၁၉၈၆ က hit ဖြစ်ခဲ့တဲ့ Livin’ On a Prayer သီချင်းကိုသီဆိုပါတော့တယ်။

Taylor Swift အတွက်ကတော့ အခြားသူတစ်ယောက်ရဲ့သီချင်းကိုဆိုရတာ အထူးအဆန်းမဟုတ်ပါဘူး။ နောက်ခံအဆိုလိုက်ဖြည့်ပြီး အကောင်းဆုံးလုပ်သွားပါတယ်။ မင်းသား William အသံကတော့ အားပျော့နေဟန်ရှိပေမယ့် စာသားတွေကိုအလွတ်ရတာဖြစ်သလို သီချင်းကို ခံစားသီဆိုနေတဲ့သူ့ရဲ့ဖျော်ဖြေမှုကိုတွေ့နိုင်ပါတယ်။

ဒီဖျော်ဖြေမှုကိုအောက်ပါ Link မှာကြည့်ရှုနိုင်ပါတယ်။

Ref:ultimateclassicrock

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.