တစ်ကိုယ်တော်အခွေ မဟုတ်သေးပေမယ့် အတွဲခွေတွေမှာ သီဆိုသွားဖို့ရှိတယ်လို့ ဆိုလာတဲ့ သရုပ်ဆောင် ၀ါဆိုမိုးဦး

1012321_437619446345997_1306983941_n.jpg

ဝါဆိုမိုးဦးရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုအဖြစ် ရဲယိုရွက်ဆေး တီဗီကြော်ငြာရိုက်ဖို့ရှိတယ်လို့ သိရပြီး ဗီဒီယိုဇာတ်ကားတွေလည်း လက်ခံရိုက်ကူးနေရပါတယ်တဲ့။ ဒါ့အပြင် သူမက ‘၀ါဆို Shwe FM ၄နှစ်ပြည့် ပွဲမှာ ၀ါဆိုရယ်၊ ဆန်းသစ်လရယ်၊ နောက် မာရီနာတို့သုံးယောက် ပေါင်းပြီး အချစ်ကိုအယုံအကြည် မရှိဆိုတဲ့ သီချင်းကို ၀ါဆို အနေနဲ့ ပထမဆုံးသီဆိုပေးထားပါတယ်။ ဒါက ပထမဆုံး ဖြစ်ပေမဲ့ ပါဖောင်းမန်စ့် ကောင်းကောင်းနဲ့ တင်ဆက်နိုင်ခဲ့တဲ့အတွက် ပရိသတ် တွေကြိုက်နှစ်သက်ကြတယ်လို့  ကြားရတာကြောင့် ၀ါဆိုအရမ်းကို ၀မ်းသာပီတိ ဖြစ်ရပါတယ်။ ၀ါဆို က အရင်ကတည်းက သီချင်းဆိုတာနဲ့ ပါဖောင်းမန့်စ် လုပ်ရတာကို ၀ါသနာပါခဲ့တာပါ။  နောက်ပိုင်းမှာ တစ်ကိုယ်တော် တေးစီးရီးမဟုတ်သေးပေမယ့်လည်း အတွဲအခွေတွေမှာ သီချင်းဆိုသွားဖို့  ရှိပါတယ်။ သီချင်းဆိုတဲ့အခါမှာလည်း ကိုယ့်အသံနဲ့ လိုက်ဖက်မယ့် သီချင်းတွေကိုသာ ရွေးချယ်သီဆိုသွားမှာပါ။ ၀ါဆိုအခု အဆိုပိုင်းနဲ့ပတ်သက်ပြီး အိမ်မှာဆရာမခေါ်သင်နေပါတယ်။ အဆိုပညာနဲ့ ပတ်သက်ပြီးတော့လည်း လေ့လာနေပါတယ်။ ၀ါဆို ကအရင်ကတည်းက ဘယ်အရာကိုမဆို သေချာ ကြိုးကြိုးစားစားနဲ့ ဆောင်ရွက်ပြီး လုပ်တတ်ပါတယ်။ ၀ါဆို ရှေ့ဆက်ပြီး အနုပညာလမ်းကြောင်း ပေါ်မှာအဆိုနဲ့ သရုပ်ဆောင်နှစ်မျိုးလုံးကို လုပ်ကိုင်သွားမှာပါ’ လို့ပြောပြခဲ့ ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.