Britney Spears တစ်ယောက်တော့ David Lucado နဲ့ချစ်ကျွမ်းဝင်နေပြီလို့ဆိုပါတယ်။
သူနဲ့စေ့စပ်ထားတဲ့ Jason Trawick နဲ့ ဇန်န၀ါရီလအတွင်းကပြတ်ဆဲခဲ့ပြီးနောက် အသက် ၃၁ အရွယ် အဆိုတော်ဟာ March လကတည်းက တွေ့ဆုံလာခဲ့တဲ့ Jason နဲ့ ချစ်ကျွမ်းဝင်နေပြီလို့ဆိုပါတယ်။
“ကျွန်မချစ်သူတွေ့ပါပြီ။ သူကအရမ်းခေါင်းမာပြီး တဇွတ်ထိုးလုပ်တတ်တဲ့အချက်ကို ကျွန်မနှစ်သက်ပါတယ်။ သူကသာမန်လူတစ်ယောက်ပါပဲ။ သူ့ကိုကျွန်မချစ်တယ်။ သူက ပျော်စရာကောင်းပြီး စိတ်အားထက်သန်တဲ့သူပါ။ သူစိတ်အားထက်သန်တဲ့အရာမှန်သမျှမှာ သူပါဝင်ပါတ်သတ်တဲ့အချက်ကို ကျွန်မချစ်ပါတယ်။ ပြီးတော့အဲဒါ ကူးစက်တတ်တယ်လေ” လို့ Entertainment Tonight ကိုပွင့်ပွင့်လင်းလင်းပြောပြသွားပါတယ်။
Work Bitch သီချင်းကို ပေါက်မြောက်အောင်လုပ်နိုင်ခဲ့တဲ့ Britney ဟာ သူ့ရဲ့အဖေ Jamie Spears က တောင်ပိုင်းသားလူကြီးလူကောင်း David နဲ့သူ့သမီးတွဲဖို့သင့်တော်မတော်ဆိုတာကို သေချာဖို့အတွက် နောက်ကြောင်းစုံစမ်းမှုတွေပြုလုပ်ခဲ့တယ် လို့ပြောပါတယ်။
“မှန်ပါတယ်။ ကျွန်မအဖေက အဲဒီလိုနဲနဲကြောင်တောင်တောင်နိုင်ပါတယ်” လို့ပြောပါတယ်။
ခင်ပွန်းဟောင်း Kevin Federline နဲ့ Sean Preston (၈နှစ်)၊ Jayden James (၇နှစ်) ဆိုတဲ့သားနှစ်ယောက်ထွန်းကားခဲ့တဲ့ Britney က သူဟာ နောက်ထပ်လပ်ထပ်ဖို့ဆိုတာ မသေချာသေးပေမယ့် ကလေးတစ်ယောက်ထပ်ယူချင်ပါသေးတယ်လို့ဆိုပါတယ်။
Britney ဟာသူ့ရဲ့ချစ်သူဟောင်းဖြစ်သူ Justin Timberlake နဲ့ Jay Z တို့တွဲလုပ်တဲ့ Holy Grail သီချင်း ကိုလဲချီးကျူးပြောဆိုခဲ့ပါတယ်။
“Justin Timberlake ရဲ့ Holy Grail ကိုတကယ်ကြိုက်ပါတယ်။ လျှို့ဝှက်နက်နဲတယ်လို့ကျွန်မထင်တယ်” လို့ပြောပါတယ်။
Ref:starpulse