ဘောလုံးသမိုင်းတစ်လျှောက် အမြန်ဆုံး အငှားရွှေ့ ပြောင်းမှုလား ?

ဘောလုံးအသင်းတွေဟာ ပုံမှန်နေရာမရတဲ့ကစားသမားတွေ စိတ်ဓာတ်မကျဖို့ ၊ ပွဲအတွေ့ အကြုံရဖို့ နဲ့ အရည် အချင်းမကျဖို့ တခြားအသင်းတွေကို အဌားချထားလေ့ရှိပါတယ်။ အနည်းဆုံး တစ်လကနေ တစ်ရာသီအထိ အဌားချထားလေ့ရှိပေမယ့် ရီးဒင်းဂိုးသမား Stuart Taylor ကတော့ အများနဲ့ မတူ တစ်မူထူးခြားပါတယ်။ ရီးဒင်းအသင်းကနေ ယီအိုဗေးလ် အသင်းကို အဌားချထားပြီး ၄၈ နာရီတောင် မပြည့်မီမှာ Stuart Taylor ဟာ ယီအိုဗေးလ်အသင်းကနေ နှုတ်ထွက်လိုက်ပါတယ်။ Taylor ဟာ အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ်ဆု ရယူဖူးတဲ့ ဂိုးသမားတစ်ဦးဖြစ်ပြီး ဂိုးသမားတွေဒဏ်ရာရလို့ အခက်အခဲတွေ့ နေတဲ့ ယီအိုဗေးလ်အသင်းကို ကူညီဖို့ ရောက်ရှိလာခဲ့တာပါ။ ဒါပေမယ့် ၄၈ နာရီတောင်မကြာလိုက်ဘဲ ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်နဲ့ အသင်းကနေ နှုတ်ထွက်သွားခဲ့ပါတယ်။ သူ့ အတွက်တော့ ပြသနာသိပ်မရှိလှပေမယ့် ယီအိုဗေးလ် အသင်းအတွက်တော့ ပျားတုပ်ပါပြီ။ အသင်းရဲ့ ဂိုးသမားတွေအကုန် ဒဏ်ရာရနေပြီး ချာတိတ်အရွယ်သာ ရှိသေးတဲ့ ဂိုးသမားအသစ် Chris Dunn တစ်ယောက်ပဲ ကျန်ပါတော့တယ်။ ဒါကြောင့် ယီအိုဗေးလ်အသင်းဟာ တန်းမဆင်းရဖို့ ဘောလုံးအဖွဲ့ ချုပ်ကို အသနားခံစာတင်ထားပြီး အဖြေကို စောင့်ကြည့်နေရမှာပါ။ Taylor ဟာ လွန်ခဲ့တဲ့အပါတ်တွေအတွင်း အဌားချခံရတဲ့ဘောလုံးအသင်းကနေ နှုတ်ထွက်တဲ့ တတိယ ဂိုးသမား တစ်ဦး ဖြစ်လာပါတယ်။ သူ့ အရင်နှစ်ယောက်ကတော့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ Sam Johnstone နဲ့  ၀ုလ်ဗ်အသင်းရဲ့ ဂိုးသမား Wayne Hennessey တို့ ပါ။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.