မော်ဒယ် ၊ သရုပ်ဆောင် စည်သူဝင်း ကိုလတ်တလောအနုပညာလှုပ်ရှားမှုတွေ နဲ့အတူ သူ့ရဲ့ဖက်ရှင်နဲ့ ပတ်သက်ပြီးသဘောထား၊ အမြင်လေးတွေကိုမေးမြန်း ဖြစ်ခဲ့တာကတော့ ‘ကျွန်တော် အခုလတ်တလော စနိုးဝှိုက်ရုပ်ရှင်ဗီဒီယိုထုတ်လုပ်ရေးနဲ့အချစ်၊ အမုန်း၊ ဒဏ္ဍရီဆိုတဲ့ ဗီဒီယိုဇာတ်ကားကို အောင်ရဲလင်း၊ ၀တ်မှုန်ရွှေရည် တို့နဲ့ သရုပ်ဆောင် ထားပါတယ်။ မဟော်ဂနီရုပ်ရှင်ဗီဒီယိုထုတ်လုပ်ရေးနဲ့ ရည်းစားဦးဆိုတဲ့ ဗီဒီယိုဇာတ်ကားမှာ အလင်းရောင် နဲ့ အတူသရုပ်ဆောင် ထားပါတယ်။ နောက်ပြီး စနိုးဝှိုက် ရုပ်ရှင်ဗီဒီယိုထုတ်လုပ်ရေးနဲ့ ပဲ ဗီဒီယိုဇာတ်ကားတွေ ဆက်ရိုက်သွားဖို့ ရှိပါတယ်။ တီဗီကြော်ငြာတွေ ရိုက်ထားတာတွေလည်းရှိပါတယ်။ ရှေ့ဆက်ပြီး အနုပညာလမ်းကြောင်းပေါ်မှာမော်ဒယ်ရော၊ သရုပ်ဆောင် တစ်ယောက် အဖြစ်နဲ့ ပါ ရှေ့ဆက်သွားမှာပါ။’ လို့ သူက ဖွင့်ဟပါတယ်။
ဖက်ရှင်နဲ့ ပတ်သက်ပြီးတော့လည်း စည်သူဝင်းက ‘ဖက်ရှင်ဆိုတာ လူတစ်ယောက် ရုပ်လှသည် ဖြစ်စေ၊ မလှသည် ဖြစ်စေ သိပ်ကိုအရေးပါတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကိုယ်သွားမယ့် နေရာပေါ်မှာ လိုက်ပြီးတော့ အ၀တ်အစားကို ဖက်ရှင်ကျကျ ၀တ်တတ်မယ်ဆိုရင် လူကြားထဲမှာထင် ပေါ်နေမှာပါ။ ကျွန်တော်က အ၀တ် အစားနဲ့ ဆံပင်ကိုဦးစားပေးပြီး ပြင်ဆင်ဖြစ်ပါ တယ်။ မိန်ကလေးတွေ သဘောကျဖို့ဆိုတကျတော့ တစ်ချို့မိန်းကလေးတွေက လူငယ်ဆန်တာ ကြိုက်တာရှိသလို ၊ တစ်ချို့မိန်းကလေးတွေက Gentelmenဆန်တာကို ကြိုက်တာရှိကြတယ် ဆိုတော့ တစ်ယောက်တစ်မျိုးအကြိုက်ကတော့ တူကြမှာမဟုတ်ပါဘူး။ ကျွန်တော်ကတော့ ကုတ်အင်္ကျီ ထပ်ဝတ်ရတာကိုသဘောကျ တယ်။ ကုတ်မပါရင်တောင် ရှပ်အင်္ကျီ နဲ့ စတိုင်ဘောင်းဘီ ဒါမှမဟုတ် skinny ၀တ်ပြီး ဖိနပ်ကိုတော့ ရှုးစီးရတာ သဘောကျပါတယ်။ အဲဒီလို ၀တ်ရင် ကျွန်တော်နဲ့ လိုက်တယ်လို့ ထင်ပါတယ်’ လို့ပြောပြသွားခဲ့ပါတယ်။