ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲဝတ္ထုဖတ်ခြင်းက သင့်ကို ပိုမိုကောင်းမွန်တဲ့ လူသားတစ်ယောက်ဖြစ်စေဟု လေ့လာမှုဆို

harrypotter1.jpg

ဟယ်ရီပေါ်တာဇာတ်လမ်းကြိုက်နှစ်သက်သူတွေဟာ ပြစ်တင်ကဲ့ရဲ့ခံအုပ်စုတွေ၊ ရွေ့ပြောင်းအခြေချနေထိုင်သူတွေ၊  ဒုက္ခသည်တွေနဲ့ LGBTQ အသိုင်းအဝိုင်းက လူတွေကို ပိုမိုလက်ခံတတ်ကြတယ်လို့ လေ့လာမှုတစ်ခုအရ သိရပါတယ်။

ယင်းလေ့လာမှုက ဟယ်ရီပေါ်တာဇာတ်လမ်းတွဲ အားလုံးဖတ်ထားတဲ့ မူလတန်းကျောင်း၊ အထက်တန်းကျောင်းနဲ့ ကောလိပ်ကျောင်းသား/သူတွေကို လေ့လာမှုပြုလုပ်ခဲ့တာပါ။ ဒီဝတ္ထုမှာ အဓိကဇာတ်ကောင် (ဟယ်ရီပေါ်တာ) မည်သူမည်ဝါဖြစ်ခွဲခြားသိမြင်မှုနဲ့ အပျက်သဘောရှိတဲ့ ဇာတ်ကောင် (ဗော်လ်ဒမ့်မုဒ်) ကို နားမလည်နိုင်ခြင်းက မေးမြန်းခံရသူတွေကို ပိုသဘောထားကြီးစေပြီး တိုင်းတပါးက လူတွေအပေါ် မလိုမုန်းထားလည်း ပိုနည်းနိုင်ခြေရှိပါတယ်။

လူဆိုးနဲ့ လူကောင်း ဆန့်ကျင်တိုက်ခိုက်မှုက J.K. Rowling ရဲ့ စွန့်စားဇာတ်လမ်းတွဲမှာ ပဋိပက္ခရဲ့ အဓိကအရင်းမြစ် မဟုတ်ပါဘူး။ မှော်ပညာမတတ်သူ (Muggle) တွေ၊ မှင်စာ၊ ဘီလူးနဲ့ နတ်သူငယ်တွေ အားလုံးဟာ ဘေးဖယ်ခံထားရသူတွေ၊ သတ္တုဝါတွေ ဖြစ်တယ်ဆိုတာ ဟယ်ရီပေါ်တာကိုယ်တိုင် သူရင့်ကျက်တဲ့အချိန်မှာ နဖူးတွေ့ ဒူးတွေ့ တွေ့ကြုံခဲ့ရပါတယ်။ ဝိုင်းပယ်ခံရသူတွေကို သူအမြဲတမ်း ကြည်ဖြူစွာ လက်ခံပြီး ဂရုဏာသက်လေ့ရှိပါတယ်။ ဒေါ်ဘီနဲ့ နောက်ဆုံးတွေ့ဆုံမှုဆိုရင် ပြန်ကြည့်စရာတောင် လိုမယ် မထင်ပါဘူး။

ပြီးတော့ ဟယ်ရီ လူငယ်တစ်ယောက်ဖြစ်လာတဲ့ အချိန်မှာ သူကိုယ်တိုင် အပြင်းအထန်ကြိုးစား၊ စတိုခန်းငယ်လေးတစ်ခုထဲ မဖြစ်ဖြစ်အောင် နေထိုင်ခဲ့ပြီး ဒါးလ်စလေးရဲ့ အမျက်ဒေါခံစားခဲ့ရတဲ့ အချက်ကိုလည်း ထည့်စဉ်းစားပါ။ ဟယ်ရီ နားလည်တယ်။ သင်ဘယ်ကလဲဆိုတာ သူသဘောပေါက်ပါတယ်။

နောက်ဆုံးပိုင်းရောက်တော့ ဟယ်ရီဟာ ကိုယ်တွေတို့နဲ့ များစွာ တူညီမှု ရှိပါတယ်။ သူဟာ ရုပ်ဖြောင့်သူရဲကောင်းတစ်ဦးမဟုတ်သလို မှော်ပညာပါရဂူကြီးတစ်ဦးလည်း မဟုတ်ပါဘူး။ မှော်ပညာတစ်ဖက်ကမ်းခပ်တတ်မြောက်ဖို့အတွက် ခင်မင်ရင်းနှီးမှုနဲ့ ချစ်ခြင်းမေတ္တာကို ဟယ်ရီ ကောင်းစွာ အသုံးချပါတယ်။ 

Ref: Goodhousekeeping 

 

128 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.