အယ်လ်ဘမ်သစ်ကတစ်ဆင့် သူတို့ရဲ့ ဂီတလွှမ်းမိုးမှုပုံစံတွေကို ချပြလိုက်တဲ့ One Direction

one_direction_2.jpg

Midnight Memories အတွက်ဂုဏ်ပြုပါတယ်။ ဒီတစ်ခေါက်သီချင်းရေးသားဖန်တီးတဲ့အပိုင်းမှာ ပိုပြီးတက်ကြွတဲ့ အခန်းကဏ္ဍမှာပါဝင်ရတာ အခြေအနေဘယ်လိုရှိလဲ။

Louis Tomlinson : ကျေးဇူးတင်ပါတယ်။ ဟုတ်တယ်ဗျ။ ပြောချင်တာက သီချင်းရေးတဲ့အပိုင်းမှာ ကျွန်တော်တို့ အမြဲတမ်းပါဝင်ချင်နေတာ။ ပြီးတော့ နယ်လှည့်ဖျော်ဖြေနေတုန်းမှာကျွန်တော်တို့ဒါကိုလုပ်ခွင့်ရခဲ့တယ်။ ကျွန်တော်တို့သီချင်း ၁၈ပုဒ်မှာ ၁၅ပုဒ်ကိုရေးခဲ့တယ်။ အဲဒီ့သီချင်းတွေကိုကြားရမယ့် ပရိတ်သတ်အတွက် ကျွန်တော်တို့တကယ့်ကိုစိတ်လှုပ်ရှားနေပါတယ်။

Liam Payne : ဟုတ်တယ်။ Louis ပြောသလိုပဲ ကျွန်တော်တို့ဒီအခွေကို ကြိုးစားလုပ်ခဲ့တယ်။ ဒါကြောင့်ကျွန်တော်တို့ ဒီအခွေထုတ်ဖို့ စိတ်အားထက်သန်နေတယ်။ ဒီသီချင်းတွေကိုဖျော်ဖြေဖို့အတွက်ရောပေါ့။ ကျွန်တော်တို့ရောက်ခဲ့တဲ့မြို့တွေရယ်၊ သီချင်းရေးခဲ့တဲ့နေရာတွေရယ် ဘယ်သူတွေနဲ့အတူရှိခဲ့တာကိုမှတ်မိနေမှာပါ။ အရမ်းမိုက်မှာပါ။

အဲဒီ့သီချင်းတွေထဲမှာ ခင်ဗျားတို့ရဲ့ ဂီတအပေါ် ကိုယ်ပိုင် ခံစားနှစ်သက်မှု တွေကဘယ်လိုမျိုးအသွင်ဆောင်နေသလဲ။

Harry Styles : ကျွန်တော်တို့အားလုံးမှာ ဂီတပေါ်ကွဲပြားတဲ့ ခံစားနှစ်သက်မှုတွေရှိတယ်လို့ထင်ပါတယ်။ Niall က 80’s rock တွေကြိုက်ပြီး Zayn နဲ့ Liam တို့က R&B ကိုပိုကြိုက်ပါတယ်။ ဒီတစ်ခွေလုံးမှာ ကျွန်တော်တို့ရဲ့ဂီတဆိုင်ရာလွှမ်းမိုးမှုကိုခင်ဗျားခံစားရမှာပါ။

“Story Of My Life” သီချင်းအပေါ်အခုအချိန်အထိ တုန့်ပြန်မှုနဲ့ပါတ်သတ်ပြီး ဘယ်လိုခံစားရလဲ။

Zayn Malik : တကယ်ကိုမိုက်ပါတယ်။

Louis : အားလုံးကနှစ်သက်ကြပုံရတဲ့အတွက် ကျွန်တော်တို့ကျေနပ်ပါတယ်။ Bem Winston ကကျွန်တော်တို့အတွက်အရမ်းကောင်းတဲ့  ဗီဒီယိုကိုရိုက်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ဆက်လုပ်ဖို့အတွက်တော်တော်လေးကောင်းတဲ့ သီချင်းဖြစ်ခဲ့ပါတယ်။

ခင်ဗျားတို့ဒီနှစ်ထဲ အမေရိကန်နိုင်ငံမှာအချိန်ကုန်နေတာများတယ်။ အဲဒီ့အချိန်တော်တော်များများမှာ ခင်ဗျားတို့ဘယ်အရာကို နှစ်သက်ပျော်ရွှင်ခဲ့သလဲ။

Niall Horan : နေလုံးကြီးပေါ့။ အမေရိကမှာ နေအမြဲသာတယ်ဗျ။

Liam : လှိုင်းတွေပေါ့။ သူတို့ ရေလွှာလျောစီးကြတာကို ကျွန်တော်နှစ်သက်ပါတယ်။

Louis : ကျွန်တော်လဲအတူတူပါပဲ။  ကျွန်တော်တို့အားလပ်တုန်း ရေလွှာလျောစီးရတာနှစ်သက်ပါတယ်။

Zayn : အစားအသောက်ပေါ့။

Harry : မြို့တစ်မြို့စီကတော့ကွဲပြာတဲ့အရာတစ်ခုပေးစွမ်းနိုင်ပါတယ်။ Memphis မြို့ကိုကြိုက်တယ်။

ခင်ဗျားတို့ ၂၀၁၄ အတွင်း အားကစားရုံကြီးတွေမှာ နယ်လှည့်ဖျော်ဖြေရဦးမယ်။ ဒီလိုခရီးလမ်းနဲ့ ညပိုင်း အသံသွင်းတာတွေလုပ်နေရင်း သက်တောင့်သက်သာဖြစ်ပြီး အာရုံစိုက်နိုင်အောင် ဘယ်လိုလုပ်သလဲ။

Harry : အာရုံစူးစိုက်ဖို့ခက်တယ်လို့ ကျွန်တော်မထင်ပါဘူး။ ကျွန်တော်တို့ အရမ်းမိုက်တဲ့နေရာတွေသွားပြီး အရမ်းမိုက်တဲ့လူတွေနဲ့အတူအလုပ်လုပ်တယ်။ တကယ်ကိုပျော်စရာကောင်းပါတယ်။

Zayn : ဟုတ်ပါတယ်။ ကျွန်တော်က ဇီးကွက်တစ်ကောင်ပါ။ အဲဒီ့တော့ ညပိုင်းအသံသွင်းရတာကျွန်တော့်ကိုမထိခိုက်ပါဘူး။ နောက်ကျတဲ့အချိန်မှာကျွန်တော်အိပ်ပျော်နိုင်သရွေ့ပေါ့။

“Don’t Forget Where You Belong”  သီချင်းဟာအထူးသဖြင့် ပုဂ္ဂိုလ်ရေးသီချင်းတစ်ပုဒ်ပဲ။ ခင်ဗျားတို့အိမ်ကိုတကယ်ပဲ တော်တော်လွမ်းတတ်သလား။

Niall :  အချိန်တိုင်းပါပဲ။ ကံကောင်းတာက အထီးကျန်မှုကနေကုစားပေးနိုင်တဲ့အကောင်းဆုံး သူငယ်ချင်းလေးယောက်ကျွန်တော့်မှာရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့အားလုံး အိမ်ကိုလွမ်းပါတယ်။ တစ်နှစ်လုံးလမ်းပေါ်မှာရောက်နေရင် ဘယ်သူကမလွမ်းဘဲနေပါ့မလဲ။ ဒါပေမယ့် အဲဒီ့အတွက် အကုန်လုံးကို စွန့်လွှတ်လိုက်မှာတော့မဟုတ်ဘူးလေ။

Ref:billboard

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.